Friday 3 April 2015

မိဘမဲ့ မြန်မာကလေးငယ်တွေကို စောင့်ရှောက်ထားတဲ့ ဂေဟာကို Room to Grow Foundation အဖွဲ့လာရောက်

Social Action for Women (SAW) အဖွဲ့က စောင့်ရှောက်ထားတဲ့ ကလေး ၈၀ကျော် နေထိုင်တဲ့ စောင့်ရှောက်ရေးဂေဟာ Safe House ကို Room to Grow Foundation အဖွဲ့ရဲ့ ဒါရိုက်တာ ဂျနီဖာနဲ့အဖွဲ့ဟာ မတ်လ ၂၉ ရက်နေ့က လာရောက်ကြည့်ရှုခဲ့ပါတယ်။

Room to Grow Foundation အဖွဲ့ဟာ SAW အဖွဲ့က စောင့်ရှောက်ကူညီထားတဲ့ ကလေးတွေကို ထိုင်းအစိုးရက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ
တက်ရောက်ပညာသင်ကြားနိုင်ဖို့ အ၀တ်အထည်နဲ့ သင်ထောက်ကူပစ္စည်းအပါအ၀င် ကလေးငယ်တွေ ထိုင်းအစိုးရကျောင်းမှာတက်ရောက်တဲ့အခါ  စာတွေလိုက်နိုင်ဖို့ သင်ကြားရေးဆရာ ဆရာမ အကူအညီတွေးပေးတဲ့ အဖွဲ့ဖြစ်တယ်လို့ SAW အဖွဲ့ရဲ့ Save House တာဝန်ရှိသူတွေက ပြောပါတယ်။

Room to grow foundation အဖွဲ့ဟာ ချို့ငဲ့တဲ့သူတွေအတွက် အကူအညီပေးတဲ့အဖွဲ့ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်တလျောက်က ဒုက္ခသည်စခန်းတွေထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် အကူအညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

0 comments: