Monday 9 June 2014

နိုင်ငံတကာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား မဲဆောက်ကမ်းနဖူးတွင်ကျင်းပ

 ၂၀၁၄ ခုနှစ် ဇွန် ၈ ရက်နေ့တွင် နိုင်ငံတကာ လူကုန်ကူးမှုတိုက်ဖျက်ရေး အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်ကမ်းနားဈေးတွင် ညနေ ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ နိုင်ငံတကာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့မှာ ဇွန် ၅ ရက်နေ့ဖြစ်သော်လည်း အခြေအနေအမျိုးမျိုးကြောင့်
ဇွန်၈ရက်နေ့တွင် ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနားကို Migrant Rights Promotion Working Group (MRPWG) အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ရွှေ့ပြောင်းမြန်မာအလုပ်သမားများ သိရှိစေရန် ရည်ရွယ်ပြီး ပညာပေးမှုများပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အတွက် CDC ကျောင်းမှ ကလေးများကအာဆီယံအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် Burma- Act အဖွဲ့မှ အကအလှများဖြင့် တက်ရောက်သူ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ကပြဖျော်ဖြေခဲ့သည်။ ထို့နောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်သော အမေးအဖြေအစီအစဉ်များကို MRPWG အဖွဲ့က ပြုလုပ်ခဲ့ပြီး လက်ဆောင်ပစ္စည်းများနှင့် လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: