Friday 14 February 2014

ရွှေ့ပြောင်း မြန်မာလူငယ်များအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံမှ လူငယ်များ၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ


10 Feb 2014 | ဆုမြတ်ဝင်း | SAW

ရွှေ့ပြောင်း မြန်မာလူငယ်များနှင့် နိုင်ငံ ၈ နိုင်ငံမှ လူငယ်တို့၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို မတ်လ ၈ ရက် နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရာ့ဒေသရှိ The Best Friend စာသင်ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

ဖုတ်ဖရာ့ဒေသရှိ အမျိုးသမီးများ၊ ကလေးများနှင့် လူငယ်များအတွက် Physical Education ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် အီတလီ၊ ဂျာမနီ၊ စပိန်၊ အင်္ဂလန်၊ပြင်သစ်နှင့်

ထိုင်းစသဖြင့် နိုင်ငံပေါင်း ၈ နိုင်ငံမှ လူငယ်များစီစဉ်ကျင်းပခဲ့သည့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲဖြစ်သည်။

ထိုဘောလုံးပြိုင်ပွဲကို နာမည်ကြီး ဘာစီလိုနာဘောလုံးအသင်းရှိ တာဝန်ရှိသူတဦးမှ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံပေါင်း ၈ နိုင်ငံမှ အသင်း ၃ သင်း နှင့် ထိုင်းရက်ပ်ခီရိ (Thai Rakeeri) ထိုင်းကျောင်းအပြင် SAW High School နှင့်The Best Friend School တို့ မှ မြန်မာရွှေ့ ပြောင်းကျောင်းဆရာများက အသင်း ၄ သင်းစုစုပေါင်း ၇ သင်းယှဉ်ပြိုင် ကစားခဲ့ကြပါသည်။

“နောက်ပိုင်း ဒီနိုင်ငံ ၈ နိုင်ငံက လူငယ်များအဖွဲ့က ဖုတ်ဖရာ့ဒေသမှာရှိတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ ဆယ်ကျော်သက်လူငယ်တွေကို Physical Education နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို အလေ့အထဖြစ်အောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာလည်း Physical Education သင်ခန်းစာတွေကို ထည့်သွင်းကြမှာ ဖြစ်ပါတယ်။ ဒါမှ ကျောင်းသားလူငယ်တွေအဖို့ ပညာရေးပိုင်းမှာသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်သွားမှာပါ” လို့ SAW အဖွဲ့၏ ဖုတ်ဖရာ့တာဝန်ခံ ဦးထိုက်သူအောင် The Best Friend ကျောင်းအုပ် မှ ပြောကြားသွားခဲ့ပါသည်။

0 comments: