Tuesday 31 December 2013

ဖုတ်ဖရဒေသတွင်းရှိမိသားစုအချို့  တနိုင်တပိုင်ဝက်မွေးမြူရေးလုပ်နိုင်ရန် SAWမှ ပံ့ ပိုးပေးလျက်ရှိ





သတင်း ။မဆုမြတ်ဝင်း ၂၅-၁၂-၁၃

            ဖုတ်ဖရဒေသအတွင်းရှိ မိသားစု၎စုအား ၂၀၁၃ ခုနှစ် ၇လပိုင်း၁၈ ရက်နေ့မှစတင်၍ မိသားစု စားဝတ်နေရေး အတွက် အထောက်အကူဖြစ်စေရန် ၀က်မွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော်ခဲ့ပါ သည်။ Social Action for Women (SAW) အဖွဲ့ မှ ဦးဆောင်ပြီး
ဖုတ်ဖရဒေသရှိ ၄၄ km- အကြံ့ ဝင်းမှ မိသားစု ၂စု၊ ၄၄km မှ မိသားစု ၁စု ၊ ၄၂ km မှ မိသားစု ၁စု စသည့် နေရာများမှ မိသားစု၎ စုအား ၀က် ၅ကောင်စီ ထောက်ပံ့ ပြီးတနိုင်တပိုင် ၀က်မွေးမြူရေး လုပ်ငန်းကို အကောင်အထည်ဖော် ခဲ့ကြောင်း သတင်း ရရှိပါသည်။
                    လွန်ခဲ့သည့် ၂၀၁၂ခုနှစ်တွင် ဖုတ်ဖရဒေသတွင်းရှိ မိသားစုများအား စစ်တမ်းကောက်ခဲ့ရာ အိမ်ထောင်စု များမှာ စားဝတ်နေရေးမပြေလည်မှုများ၊ ၀င်ငွေ နှင့်မီးဖိုချောင် စရိတ်မလုံလောက်မှုပြဿနာ များနှင့် ကျန်းမာရေးအတွက် ဆေးဖိုးဝါးခပြဿနာများ ရင်ဆိုင်ခံစားနေရကြောင်းလေ့လာတွေ့ ရှိခဲ့ပါသည်။ ထိုအခြေအနေများကြောင့် SAW အဖွဲ့ အစည်းမှ တနိုင်တပိုင် ၀က်မွေးမြူရေး လုပ်ငန်းကိုအကောင်အထည်ဖော်ပြီး ၎င်းဒေသရှိရွှေ့ ပြောင်း မိသားစုများ၏ ဆေးကုသစရိတ်၊ စားဝတ်နေရေးဖူလုံစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကျမတို့ မိသားစုအတွက် ဒီလုပ်ငန်းဟာသိပ်အကျိုးဖြစ်ပါတယ်။ အရင်ကဆိုယောကျာ်းရဲ့ လုပ် အားခကနည်းတော့ မိသားစုအသုံးစရိတ်အတွက် မလောက်ဘူး၊ အခုလိုတနိုင်တပိုင် ၀က်မွေးမြူရေး လုပ်ဖို့ ကူညီပံ့ပိုးပေးလိုက်တော့ မီးဖိုချောင်စရိတ်လည်းကာမိတယ်၊ တခြားအသုံးစရိတ် လည်းရတာပေါ့။ ရွာထဲကလူတွေကပဲကျမတို့ ဝက်တွေကို အကောင်အရွယ်အလိုက် ဈေးပေးပြီး ၀ယ်ကြတယ်။ ကျမတို့ အတွက် အဆင်လည်းပြေ ၊ တွက်ခြေလည်းကိုက်တဲ့ လုပ်ငန်းတစ်ခုပါပဲ လို့  လက်ရှိ ၀က်မွေးမြူရေးလုပ်ကိုင်နေသည့် မိသားစုတစ်စုမှ ပြောကြားခဲ့ပါသည်။

0 comments: