Saturday 27 July 2013

မော်လမြိုင်-မဲဆောက်ခရီး ထိုင်းဗီဇာ Nok Air လျှောက်ပေးမည်



                    မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ပြေးဆွဲမည့် ထိုင်းလေကြောင်းလိုင်း Nok Air သည် မော်လမြိုင်မှ သွားရောက်မည့် ခရီးသည်များအတွက် ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကို လျှောက်ထားပေး မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးငွေစိုးက The Voice သို့ ပြောကြား
သည်။
မော်လမြိုင်မှ မဲဆောက်သို့ သွားရောက်မည့် ခရီးသည်များအတွက် ပြည်ဝင်ခွင့် ဗီဇာကို ခရီးသည်များကိုယ်တိုင် လျှောက်ထားရန်မလိုဘဲ လေကြောင်းလိုင်းက တာဝန်ယူ လျှောက်ထားပေးမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။ ထိုင်း ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရန် ကိစ္စများကို Nok Air လေကြောင်းလိုင်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ထားဝယ်မင်းသမီး ကုမ္ပဏီက ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရှိရသည်။
အဆိုပါ လေကြောင်းလိုင်းသည် မော်လမြိုင်မှ မဲဆောက်သို့ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ဦးငွေစိုးက ဆိုသည်။ ယင်းလေကြောင်းလိုင်းကို စီးနင်းမည့် ခရီးသည်များအနေနှင့် ဗီဇာလျှောက်ထားရန် လေယာဉ်လက်မှတ် အရောင်းဌာနသို့ ကြိုတင်ဆက်သွယ်ရမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက ထုတ်ပြန် ကြေညာသည်။ မော်လမြိုင်- မဲဆောက် ခရီးစဉ်အတွက် ဗီဇာကြေး ဝန်ဆောင်မှုနှင့် လေယာဉ်လက်မှတ်နှုန်းထား ငါးသောင်းကျော် (ထိုင်းဘတ်ငွေ ၁၅၉၀) ကျသင့်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရှိရသည်။

http://www.yoyarlay.com/local-news/l-local-news/36797-nok-air

0 comments: