Thursday 11 July 2013

စိတ်ဝေဒနာရှင် မိခင်က ကလေးကို ကတ်ကြေးနဲ့ထိုး

တရုတ်ပြည်မှာ ၈ လသားကလေးငယ်ကို သူ့ရဲ့အမေက နို့တိုက်နေရင်းကနေ သူ့ကိုကိုက်လို့ဆိုပြီး အနီးမှာရှိတဲ့ ကက်ကြေးနဲ့ အချက်ပေါင်း ၉၀ ကျော်ထိုးပါသတဲ့။

ဇောင်ဘို အမည်ရှိတဲ့ ဒီကလေးငယ်နဲ့ သူ့အမေဟာ အမှိုက်ကောက်ပြီး ရပ်တည်တဲ့ ဦးလေးနှစ်ယောက်နဲ့ အတူနေတာဖြစ်ပြီး အပြင်က ပြန်လာတဲ့ ဦးလေးဖြစ်သူဟာ သွေးအိုင်ထဲမှာ
လဲကျငြိမ်သက်နေတဲ့ ဇောင်ဘိုကို တွေ့တဲ့အခါမှာ ပွေ့ချီပြီး အနီးမှာရှိတဲ့ ဆေးရုံဆီ အလျင်အမြန်ပို့လို့ ကုသစေတာကြောင့် အခုဆို ကံဆိုးသူ ဇောင်ဘိုလေး ပြန်လည်ကျန်းမာလာပါပြီ။ ဇောင်ဘိုဟာ ကက်ကြေးနဲ့ အချက်ပေါင်း ၉၀ ကျော်အထိုးခံရပြီး အချက်ပေါင်းတရာကျော် ချုပ်ရတယ်လို့ ဆိုပါတယ်။

ဇောင်ဘိုရဲ့မိခင်ဟာ တကယ်တော့ စိတ်ရောဂါသည်တယောက်ပါ။ တရုတ်ပြည်မှာ ဇောင်ဘိုရဲ့ မိခင်လို စိတ်ရောသည်ပေါင်း ခန့်မှန်းချေ ၁၇၃ သန်းလောက်ရှိပြီး အဲဒီအထဲက ၉၀% ကျော်က စနစ်တကျ ဆေးကုသခြင်းကို တခါမှမခံဖူးသူတွေ ဖြစ်ပါသတဲ့။ (Aung Zin Latt facebook)

http://www.dailymail.co.uk/news/article-2360263/Baby-stabbed-90-times-scissors-Chinese-mother-

0 comments: