Sunday 23 June 2013

အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်သုံးစွဲလျှင်ကျန်းမာရေး ထိခိုက်နိုင်

အမျိုးသမီးများအနေနှင့် အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်တားဆေး ကဲ့သို့ အသုံးပြုလျှင်ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်ကြောင်း သိရသည်။
အရေးပေါ်တားဆေးများဖြစ်သော Ecee 2, Pill 72 အစရှိသော ဆေးများကို ပုံမှန်သုံးစွဲနေလျှင် အမျိုးသမီးများတွင်
သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊
ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ အစရှိသော ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ အမျိုးသမီးများ၏ ကျန်းမာရေးကို
ဆိုးဝါးစွာ ထိခိုက်နိုင်သည့်အကြောင်းကို Health Channel ၏ အထွေထွေ မန်နေဂျာဒေါက်တာသန်းထွဋ် က ပြောကြားခဲ့သည်။ ပုံမှန်အနေနှင့် သုံးစွဲ၍
ရသော ပဋိသန္ဓေတားဆေး၊ သောက်ဆေး၊ ထိုးဆေးများကို နှစ်ရှည်လများ သုံးစွဲလာလျှင် သွေးတိုး၊ နှလုံး၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊
သားအိမ်ခေါင်းကင်ဆာရောဂါများ ရရှိနိုင်ကြောင်း သိရသည်။ နှစ်ရှည်လများ ပဋိသန္ဓေတားဆေးများကို သုံးစွဲလျှင်ကလေးမရှိနိုင်၍ မြုံသော အခြေအနေ
များအထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ အရေးပေါ်ပဋိသန္ဓေတား ဆေးသောက်သုံးထားသော အမျိုးသမီးများအနေနှင့် နေရောင်ခြည်ကို တိုက်ရိုက်
ထိတွေ့မည်ဆိုလျှင် ခရမ်းလွန်ရောင်ခြည် A ကြောင့် မျက်နှာတွင် အညိုအမည်းကွက်များထွက်လာနိုင်ကြောင်း သတင်းရရှိသည်။

SkyNet

0 comments: