Sunday 30 June 2013

တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် သွေးဆောင်သူများအား အရေးယူ


                        ရွာထဲတွင် လှည့်လည်သွေးဆောင်နေသူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ
သည်။ဖြစ်စဉ်မှာ မတ်လ ၁၂ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ နမ့်စမ်ကျေးရွာတွင် တစ်ခုလပ်/အပျိုများမှ တရုတ်နိုင်ငံသားများအား ယူမည့်သူရှိပါက တင့်တောင်းတင့်တယ် တောင်းရမ်းယူမည်ဟု လှည့်လည်ပြောဆိုနေသူ လားရှိုးမြို့၊ ၁၂ ရပ်ကွက်၊ နယ်မြေ (၁၇) နေ မအေးရင် (ခ) မအားလျှံ (၄၃) နှစ်နှင့် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာနေ ဒေါ်အေးဖြစ် (၅၆) နှစ်တို့ နှစ်ဦးအား နမ့်စမ်ရွာသူကြီးအိမ်တွင် ခေါ်ဆောင်ထားကြောင်း သတင်းရရှိသဖြင့် လားရှိုးလူကုန်ကူးမှု (အထူးအဖွဲ့)မှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ထိုသို့သွားရောက်စစ်ဆေးချက်အရ မအေးရင်သည် လွန်ခဲ့သော ၇ လခန့်က ဒေါ်အေးဖြစ်၏သမီးဖြစ်သူ ----(၃၀)နှစ်အား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် လင်ချန်းမြို့အနီးနေ တရုတ်နိုင်ငံသား ရှောက်ဖူကျန်ဆိုသူနှင့် လက်ထပ်ပေးခဲ့ပြီး တောင်းရမ်းခ ငွေကျပ် ၁၂ သိန်းအား မိခင်ဖြစ်သူ ဒေါ်အေးဖြစ်မှ လက်ခံခဲ့ကြောင်း သိရသည်။ထို့နောက် ဖေဖော်ဝါရီလ ၈ ရက်နေ့က မိခင်ဒေါ်အေးဖြစ်သည် မအေးရင်နှင့်အတူ လင်ချန်းမြို့သို့ လိုက်သွားခဲ့ကြောင်း၊ လင်ချန်းမြို့တွင် မအေးရင်၏ ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသား ကျော့မြင်ချောင်၏ ညီဝမ်းကွဲတော်စပ်သူ လီရှန်းချန်က မြန်မာအမျိုးသမီးနှင့် လက်ထပ်လိုကြောင်း၊ တောင်းရမ်းခအဖြစ် ယွမ်ငွေ (၁၀၀၀၀) ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်ကိုလည်း အကုန်ခံမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ၎င်းတို့နှစ်ဦးသည် ကျော့မြင်ချောင်နှင့် လီရှန်းချန်တို့နှစ်ဦးအား မတ်လ ၄ ရက်နေ့က ချင်းရွှေဟော်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်လာခဲ့ပြီး လားရှိုးမြို့ (၁၂) ရပ်ကွက်အတွင်းရှိ မအေးရင် ငှားရမ်းနေထိုင်သည့် နေအိမ်တွင် တည်းခိုနေထိုင်စေခဲ့ကြောင်း သိရသည်။
မအေးရင်၏ နေအိမ်တွင် တည်းခိုနေသည့် တရုတ်နိုင်ငံသား ကျော့မြင်ချောင် (၃၉)နှစ်နှင့် လီရှန်းချန် (၃၀)နှစ်တို့အား ဖမ်းဆီးမိခဲ့ပြီး ဒေါ်အေးဖြစ်၊ မအေးရင် (ခ) အားလျှံ၊ ကျော့မြင်ချောင်နှင့် လီရှန်းချန်တို့အား အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
by- .news-eleven

0 comments: