အသက် ကိုးနှစ်အရွယ် စတုတ္ထတန်း ကျောင်းသူတစ်ဦးကို ၎င်း၏ အစ်မဝမ်းကွဲ
တော်စပ်သူ (အသက် ၃၅ နှစ်အရွယ်) ဒေါ်မိုးဇာဇာက တိုင်တွင်ကြိုးတုပ်၍ ရိုက်နှက်
ဆုံးမသဖြင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီက လှိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်
ဇွန်လ ၂၇ ရက်နေ့က ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်
တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရှိရ
သည်။
သည်။
လှိုင်မြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သည့် ရိုက်နှက်ခံရသည့်
ကျောင်းသူသည် စမ်းချောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာ
အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ ဖြစ်သည်။
ဇွန်၂၇ ရက်နေ့က ၎င်းမှာနေမကောင်း ဖြစ်နေ၍ ဆရာမက မေးမြန်း ကြည့်ရှုရာ ၎င်း၏
ခန္ဓာကိုယ်ပေါ်တွင် ရိုက်နှက်ထားသည့် အညိုအမဲ ဒဏ်ရာများ တွေ့ရှိသဖြင့်
ဆက်လက်မေးမြန်းရာ ဇွန်လ ၂၆ ရက်နေ့က ကျောင်းပြန် နောက်ကျသည်ဟုဆိုကာ
ဒေါ်မိုးဇာဇာက နေအိမ်ရှိ အလယ်တိုင်ကို ဖက်ခိုင်း၍ လက်နှစ်ဖက်ကို
ကြိုးချည်ပြီး တံမြက်စည်းဖြင့် ရိုက်နှက်ကြောင်း၊ ယင်း အပြင်
လက်သီးနှင့်လည်း ထိုးကြောင်း အဆိုပါ ကျောင်းသူက ပြောကြားသည်ဟု ရပ်ကွက်
အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
အဆိုပါ ရိုက်နှက်ဆုံးမမှုကို စမ်းချောင်း အထက (၂) ကျောင်းက လှိုင်မြို့နယ်
(၇) ရက်ကွက် အုပ်ချုပ်ရေးမှူးထံ အကြောင်း ကြားခဲ့ကြောင်း၊ ယင်းကြောင့်
ရိုက်နှက်ဆုံးမသူ ဒေါ်မိုးဇာဇာကို ကလေးသူငယ်ဆိုင်ရာ ကော်မတီက စေတနာ
လူမှုဝန်ထမ်း အရာရှိနှင့် ရပ်ကွက် အမျိုးသမီးရေးရာ ကော်မတီဝင်များရှေ့တွင်
မေးမြန်းရာ ရိုက်နှက်ဆုံးမမိသည်ဟု ဝန်ခံခဲ့ကြောင်း၊ ကလေးသည် ငွေများ
နှိုက်ယူ သုံးစွဲတတ်ခြင်းကြောင့် အကျင့်စာရိတ္တ ကောင်းမွန်စေရန်အတွက်
ဆုံးမရခြင်း ဖြစ်သည်ဟု ဒေါ်မိုးဇာဇာက ပြောကြားကြောင်း အဆိုပါ
ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ ရိုက်နှက်ဆုံးမမှုကြောင့်
ထိုကျောင်းသူတွင် မျက်လုံးအောက် ညိုမဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲနှင့်
ဝဲ/ယာ ပခုံး၊ လက်ခုံ၊ ဒူးဖူးနှင့် တင်ပါးတို့တွင် ညိုမဲဒဏ်ရာ ရရှိခဲ့သဖြင့်
ရန်ကုန်ဆေးရုံကြီး၌ ပြင်ပလူနာ အဖြစ် တက်ရောက် ကုသခဲ့ရကြောင်း
ကလေးသူငယ်ဆိုင်ရာ ကော်မတီ အရာရှိက ပြောကြားသည်။
ယင်းကလေးငယ်၏ မိဘများသည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်
လုပ်ကိုင်နေကြပြီး ၎င်းဖခင်၏ တူမဖြစ်သူ ဒေါ်မိုးဇာဇာထံတွင် မိဘများက
အပ်နှံထားခြင်း ဖြစ်သည်။
အရွယ်မရောက်သေးသည့် ကလေးငယ်ကို ရိုက်နှက်သဖြင့် ဒေါ်မိုးဇာဇာကို
ကလေးသူငယ်ဆိုင်ရာ ကော်မတီက လှိုင်မြို့နယ် ရဲစခန်းတွင် မှုခင်းအမှတ်စဉ်
(ပ)၂၇၄/၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၃၂၅/၃၄၂ တို့ဖြင့် ဇွန်လ၂၇ရက်နေ့တွင်
အမှုဖွင့်ခဲ့သည်။
The Voice Weekly, Vol.9/ No.25
0 comments:
Post a Comment