Sunday 30 June 2013

စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ ငါးနှစ်အောက် ကလေး များ၏ သုံးပုံတစ်ပုံမှာ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေ


               
                       ဆင်းရဲမွဲတေမှု မျဉ်းကြောင်းအောက် ရောက်နေသော မြန်မာနိုင်ငံ စားနပ်ရိက္ခာ မလုံaလာက်မှု မြင့်မားနေခြင်းကြောင့် ငါးနှစ်အောက် ကလေးငယ်များ၏ သုံးပုံတစ်ပုံမှာ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေကြောင်း မီချီဂန် တက္ကသိုလ်နှင့် သမ္မတ၏ အကြံပေးအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်းတို့ ရေးသားပြုစုသည့် စာတမ်းအရ သိရသည်။


မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ငါးနှစ်အောက် ကလေးငယ်များ၏ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး ပြည်နယ်မှာ ချင်းပြည်နယ်ဖြစ်ပြီး ယင်းဒေသရှိ ငါးနှစ်အောက် ကလေးငယ်များ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ခန္ဓာကိုယ် ဖွံ့ဖြိုး တိုးတက်မှု ရပ်ဆိုင်းနေပြီး၊ ရခိုင်ပြည်နယ်ရှိ ငါးနှစ်အောက် ကလေးငယ်များ၏ ထက်ဝက်ခန့်မှာ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်နေကြောင်းလည်း စာတမ်းအရ သိရသည်။

ထိုသို့ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ ငါးနှစ်အောက် ကလေးငယ်များ၏ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှုမှာ အနိမ့်ဆုံး ဖြစ်နေသည်ဟု ဆိုသော်လည်း ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလေးငယ်များ၏ ၅၀ ရာခိုင်နှုန်းဝန်းကျင်မှာ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေသကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ငါးနှစ်အောက် ကလေးငယ်များ၏ ၄၀ ရာခိုင်နှုန်းကျော်ခန့်မှာ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကလေးငယ်များ၏ ၄၀ ရာခိုင်နှုန်းဝန်းကျင်မှာ ကိုယ်ခန္ခာ ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေကြောင်း သိရသည်။
ကလေးငယ်များ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေခြင်းမှာ နိုင်ငံ့လူဦးရေ လေးပုံတစ်ပုံခန့်နှင့် ၂၉ ရာခိုင်နှုန်းသော ကျေးလက်နေ မိသားစုများမှာ အမျိုးသား ဆင်းရဲမွဲတေမှု မျဉ်းကြောင်းအောက် ရောက်နေခြင်း . . . . .

အလားတူပင် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည်ဖြင့် အစဉ်လိုက် ရပ်တန့်နေကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကလေးငယ်များ၏ ၂၀ ရာခိုင်နှုန်းကျော်ခန့်သာ ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကလေးငယ်များ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေခြင်းမှာ နိုင်ငံ့လူဦးရေ လေးပုံတစ်ပုံခန့်နှင့် ၂၉ ရာခိုင်နှုန်းသော ကျေးလက်နေ မိသားစုများမှာ အမျိုးသား ဆင်းရဲမွဲတေမှု မျဉ်းကြောင်းအောက် ရောက်နေခြင်း၊ ဆင်းရဲသော မိသားစုများ အနေဖြင့် ၀င်ငွေ၏ ၇၀ ရာခိုင်နှုန်းနှင့် အထက်အား အစားအစာအတွက် အသုံးပြုနေရခြင်း၊ အစားအစာအတွက် ချေးငှားခြင်းများ ပြုလုပ်နေသော်လည်း ကျေးလက်မိသားစုများ၏ ထက်ဝက်ခန့်မှာ နှစ်လကျော် ကာလထိတိုင်အောင် လုံလောက်သော စားနပ်ရိက္ခာ မရရှိဘဲ ထိုသို့စားနပ်ရိက္ခာ မလုံလောက်မှု၏ အကျိုးဆက်ကြောင့် ငါးနှစ်အောက် ကလေးငယ်များ၏ သုံးပုံတစ်ပုံခန့်မှာ အရပ်ရှည်ထွက်မှု ရပ်တန့်ခြင်းနှင့် အခြားသုံးပုံတစ်ပုံခန့်မှာ အဟာရ ချို့တဲ့မှုကြောင့် ကိုယ်အလေးချိန် မပြည့်ခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများ ကြုံတွေ့နေရသည့် ဆင်းရဲနွမ်းပါး ငတ်မွတ်မှု ပြဿနာများမှာ ကျေးလက်နေ မိသားစုများ၏ ထက်ဝက်အား မြေယာမဲ့ ဖြစ်စေမှု၊ ဘက်လိုက်မှု ကြီးမားသည့် မြေနေရာနှင့် လုပ်ကိုင်ခွင့် ခွဲဝေမှု၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့် တိုးပွားလာသော အချိန်အခါမဟုတ် မိုးရွာသွန်းမှုများတွင် စိုက်ပျိုးရေး ထိန်းသိမ်းမှုစနစ် ညံ့ဖျင်းခြင်း၊ မြင့်မားသော သယ်ယူပို့ဆောင်စရိတ်၊ ကျေးလက်ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ အားနည်းမှု စသည့်အချက်များကြောင့် ဖြစ်ကြောင်း သိရသည်။



             

0 comments: