Monday 25 February 2013

ထိုင်းတွင် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရပါက အစိုးရဖြေရှင်းပေးမည်

အခွင့်အရေးချိးဖောက်ခံရမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံရပါက မြန်မာအစိုးရက ဖြေရှင်းပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောကြားသည်။ အခွင့်အရေးချိုးဖောက်ခံမှုများ၊ နှိပ်စက်ခံရမှုများ၊ အထောက်အထားရရှိရေးကိစ္စများနှင့်ပက်သက်၍ အစိုးရကိုတိုင်ကြားပါက ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်နေပြီဖြစ်သော တာရားဝင်မှတ်ပုံတင်ရေးကိစ္စများ၌ လိမ်လည်မှု၊ မသမာမှု၊ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိ၍ တိုင်ကြားပါက ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ၀၀၆၆၈၁၉၁၂၀၀၆၀၊ အလုပ်သမားသံအရာရှိ-၀၀၆၆၈၆၇၇၆၈၂၅၊ မှတ်ပုံတင်ရုံးများ ပထုံဌာနီ- ၀၉၁၀၈၀၆၀၃၁၊ စမုပရာကန်- ၀၉၁၀၈၀၆၀၃၂၊ မစုစခွန်(မဟာချိုင်)- ၀၉၁၀၈၀၆၀၃၅၊ ချင်းမိုင်- ၀၉၁၀၈၀၆၀၃၇၊ ရနောင်း- ၀၉၁၀၈၀၆၀၃၈ ဆူရတ်ဌာနီ-၀၉၁၀၈၀၆၀၃၉၊ ခွန်ခမ်း- ၀၈၈၆၀၀၃၀၃၅၊ လောင်း- ၀၈၈၆၀၀၃၂၄၈၊ ကန်ချနာပူရီ- ၀၈၈၆၀၀၃၂၉၅ မဲဆိုင်(ချင်းရိုင်) - ၀၈၈၆၀၀၃၄၁၀၊ မဲဆောက်(တာပ်ခရိုင်)- ၀၈၈၆၀၀၃၇၅၉ တို့ဖြစ်သည်။ 

By The Voice

0 comments: