Sunday 10 February 2013

မလေးရှားကို လူကုန်ကူးမှု ပဲခူးတိုင်းအစိုးရ အရေးမယူဟု ကာယကံရှင်တွေဆို

မလေးရှားနိုင်ငံကို အလုပ်သမားပို့ပြီး လူကုန်ကူးခဲ့သူကို အရေးယူပေးဖို့ ပဲခူးတိုင်း အစိုးရအဖွဲ့ကို တရားဝင် စာတင်ထားပေမယ့် တာဝန်ရှိသူတွေက အရေးမယူ ခဲ့တာမို့ နောက်ထပ် ၁ဝယောက် မလေးရှားကို ရောင်းစား ခံလိုက်ရ တယ်လို့ ကာယကံရှင်တွေက ဖေဖော်ဝါရီ ၇ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ပဲခူးတိုင်း သနပ်ပင်မြို့ ပြွန်ပေါက်နဲ့ အနီးအနား ကျေးရွာတွေက လူငယ် ၁၈ယောက်ကို ဦးညွန့်ဖေက မလေးရှားကို တရားမဝင် ပို့ဆောင်ခဲ့တယ်လို့ ကာယကံရှင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
By Kamayut Media 

0 comments: