Thursday 7 February 2013

မြင့်မားတဲ့လုပ်ခလစာကရွှေ့ပြောင်းမြန်မာအလုပ်သမားများအားထိုင်းနိုင်ငံတွင်ဆက်လက်ထိန်းသိမ်းထားနိုင်ဖွယ်ရှိ

ထိုင်းနိုင်ငံတွင်လုပ်ခလစာတိုးမြှင့်လိုက်ခြင်းကြောင့်မြန်မာအလုပ်သမားအများစုကိုနောက်သုံးနှစ်အထိဆက်လက်ထိန်းသိမ်းထားနိုင်ဖွယ်ရှိသည်ဟု အလုပ်သမားရေးလေ့လာသူတစ်ဦး ကပြောဆိုခဲ့ပါတယ်။ လတ်တလောအခြေအနေတွင် မြန်မာနိုင်ငံသည်ဒီမိုကရေစီနှင့် လွတ်လပ်သောကုန်သွယ်ရေးဆီသို့ ဦးတည်ပြီးခြေလှမ်းများစတင်နေသော်လည်း ပြည်တွင်းတွင်ပြန်၍ အလုပ်များရှာဖွေဖို့ရာ အခက်အခဲများရှိနေဆဲပဲ ဟု ချူလာလန်ခွန် တက္ကသိုလ်၏ အာစီယံလေ့လာရေးအဖွဲ့မှ အာစီယံအတွင်းရွှေ့ပြောင်းနေထိုင်သူများအရေးလေ့လာသူ Mrs Premjai Wangsiripaisarn ကပြောခဲ့ပါတယ်။ ရွှေ့ပြောင်းမြန်မာအလုပ်သမားအများစုဟာ ထိုင်းနိုင်ငံအတွင်းမှာ လွယ်လွယ်ကူကူနဲ့အလုပ်ရှာနိုင်ကြပြီးတော့ လုပ်အားခလုံလုံလောက်လောက်ရတဲ့အတွက် မိသားစုထံသို့လည်ပြန်ပို့နိုင်ကြတယ်၊ မြန်မာအလုပ်သမားတွေဆီကနေ နိုင်ငံခြားငွေလွှဲပို့ခြင်းက မြန်မာနိုင်ငံအစိုးရအတွက် ကြီးမားတဲ့ အရင်းအမြစ်အခွန်ဘဏဏ္ဍာငွေတစ်ခုဖြစ်တယ်၊ ထိုရွှေ့ပြောင်းမြန်မာတွေကို အိမ်ပြန်ဖို့တွန်းအားပေးခြင်းဖြင့် မြန်မာနိုင်ငံအစိုးရအတွက် ကြီးမားတဲ့ ဘဏ္ဍာရေးငွေဆုံးရှုံးမှုဟာ ရလဒ်တစ်ခုဖြစ်သွားနိုင်လိမ့်မယ်လို့ သူမကဆက်လက်ပြီးပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံဖွင့်ဖြိုးတိုးတက်မှုအတွက်လေ့လာရေးအဖွဲ့အစည်းမှ အလုပ်သမားဖွင့်ဖြိုးတိုးတက်ရေးအတွက်လေ့လာရေးဒါရိုက်တာ Mr Yongyuth Chalamwong က ဒေသအတွင်းဈေးကွက်တွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ အနည်းဆုံး ၅ နှစ်ကျော်ကြာ မှီခိုအားထားနေရအုံးမှာပဲလို့ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့စက်ရုံအလုပ်ရုံနှင့် စက်မှုလုပ်ငန်းများတွင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များအတွက် သေချာစွာ လုံလောက်သည့် ဥပဒေကာကွယ်ပေးဖို့နဲ့ ၄င်းတို့ရဲ့ရင်းနှီးမြုပ်နှံမှုများပြန်ရဖို့အတွက် ဖွံ့ဖြိုးတိုးတက်သည့် အဆင့်တစ်ခုသို့ရောက်နိုင်ဖို့ရာ ၁၀ နှစ်မှ ၁၅ နှစ်ကြာ အချိန်ယူရအုံးမည်ဟု သူကပြောခဲ့ပါတယ်။

 By YCOWA

0 comments: