Sunday 27 January 2013

ရွှေ့ပြောင်းမြန်မာ မိသားစုမှ SAW ကလေးများဂေဟာကို မုန့်ဟင်းခါး လှူဒါန်း


 SAW အဖွဲ့က တည်ထောင်ထားတဲ့ safe house ကလေးဂေဟာကို အလှူဒါနအဖြစ် ရန်မကင်းစက်ရုံမှ မြန်မာမိသားစု တစုဖြစ်တဲ့ ကိုမြင့်လှိုင်၊ မခင်မျိုးအေး မိသားစုက ၂၇ ဇန် ၂၀၁၃ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ မနက်စာ မုန့်ဟင်းခါး လာရောက် ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

အခု အလှူရှင်တွေဟာ safe house ဂေဟာကို မကြာခဏ အစားအသောက်တွေ လာရောက်လှူဒါန်းနေသူတွေ ဖြစ်ပြီး၊ ဝါဝင်၊ ဝါထွက် အခါကြီးရက်ကြီးတွေမှာ လာရောက်လှူဒါန်းလေ့ရှိပါပြီး လှူဒါန်းသူ မိသားစုများမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ဖြစ်ကြပါတယ်။ အလှူရှင်မိသားစုအနေနဲ့

“ဒီလိုကလေးတွေကို လာပြီးကျွေးမွေးရတာ ရင်ထဲမှာ အရမ်းကို ပီတိဖြစ်တယ်၊ နောက်တခုက သူတို့လေးတွေရဲ့ မိဘတွေနဲ့အတူ မနေနိုင်ကြတာကို ကျမ အနေနဲ့ စိတ်မကောင်း ဖြစ်မိတယ်” လို့ အလှူရှင်မိသားစုရဲ့ စိတ်စေတနာနဲ့ ခံစာချက်ကို ပြောခဲ့ပါတယ်။

0 comments: