Tuesday 8 January 2013

မသန်စွမ်း မိန်းကလေးတစ်ဦး ဘ၀ကံဖြစ်စဉ်နှင့် ပတ်သက်၍အကြံပြုဆွေးနွေးပွဲ ပြုလုပ်


 ရွှေမင်းသား ဖောင်ဒေးရှင်း မှ မသန်စွမ်း မိန်းကလေးတစ်ဦးဘ၀ကံဖြစ်စဉ်နှင့်ပတ်သက်၍အကြံပြုဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၂ နာရီက စင်ထရယ်ဟိုတယ် ၆ လွှာ၌ ပြုလုပ်ခဲ့ပြီး အကြံပြု ဆွေးနွေးမှုများနှင့် စာနယ်ဇင်း ရှင်းလင်းမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ တောင်ဒဂုံမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် အောက် ပိုင်းသေနေသူ မိန်းကလေးငယ် တစ်ဦးအား အဓမ္မပြုကျင့်ခြင်းခံရမှုအပေါ် စာနယ်ဇင်းရှင်းလင်းမှု နှင့် မသန်စွမ်းသူများအတွက် လို အပ်သည့် ဥပဒေနှင့် အကာအကွယ် ပေးမှုများကို တောင်းဆိုသွားရန် ရည်ရွယ်ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။ အထက်ပါဖြစ်စဉ်သည် နိုဝင်ဘာလအတွင်း၌ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာမှ ပြစ်မှုကျူးလွန်သူကို အရေးယူထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ပြည့်ဖြိုး

By Popular Myanmar News Journal Rest of your post

0 comments: