Wednesday 9 January 2013

ထိုင်းရောက် မြန်မာတွေ ထိုင်းနိုင်ငံသား မှတ်ပုံတင်ခွင့်ရ

ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာတွေ ထိုင်းနိုင်ငံသား မှတ်ပုံတင် ကဒ်ပြား လျှောက်ထားခွင့်ရတော့မှာ ဖြစ်ပါတယ်။ တရားဝင်နိုင်ငံသား အခွင့်အလမ်းကို ဖွင့်ပေးခြင်းဆိုတဲ့ အစီအစဉ်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလတ်အစိုးရက ထိုင်းနိုင်ငံမှာ နိုင်ငံသားမဖြစ်သေးတဲ့ သိန်းနဲ့ချီတဲ့ သူတွေကို အခုလလယ်ပိုင်းက စပြီး ထိုင်းတနိုင်ငံလုံးမှာ နိုင်ငံသား ကဒ်ပြားတွေကို ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ အစီအစဉ်အရ အခု ထိုင်းနိုင်ငံသား ရမယ့်သူတွေဟာ ၂၀၀၉ ခုနှစ်တုန်းက နောက်ဆုံး စိစစ်ထားတဲ့ သူတွေဖြစ်ပြီး တပြည်လုံးအတိုင်းအတာနဲ့ ကရင်၊ မုန်း စတဲ့ တောင်ပေါ်သားလူမျိုးစုတွေ အပါအ၀င် လူပေါင်း ၃ သိန်းကျော်ကို ထိုင်းနိုင်ငံသာုးဖြစ်ခွင့် ရကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့တုန်းက ထိုင်းအစိုးရက အဲဒီလူတွေကို နိုင်ငံသားခံယူခွင့် လျှောက်နိုင်တဲ့ အမိန့်ကို နာမည်စာရင်းနဲ့တကွ ပေးပို့ထားခဲ့ပါတယ်။ အခုအစီအစဉ်အရ ထိုင်းနိုင်ငံသား မှတ်ပုံတင်ကဒ်ပြား လျှောက်သူတွေအနေနဲ့ ကိုယ်နေတဲ့ ရပ်ကွက်၊ ကျေးရွာတွေကနေ သတ်မှတ်ထားတဲ့ ပုံစံဖေါင်တွေကို ဖြည့်စွက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တင်ရမှာဖြစ်ပါတယ်။ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကပြပြီး ဌာနဆိုင်ရာတွေ ပါဝင်တဲ့ စိစစ်ရေးအဖွဲ့ကနေ နိုင်ငံသားပေးဖို့ စိစစ် ဆုံးဖြတ်ပြီးတာနဲ့ ထိုင်းနိုင်ငံသား မှတ်ပုံတင်ကို ချက်ချင်းကိုင်ဆောင်ခွင့်ရမှာ ဖြစ်ပါတယ် ဘီဘီစီ(မြန်မာပိုင်း)

0 comments: