အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ထိုင်း-မြန်မာ နယ်စပ်ရှိ ရွှေ့လျားကျောင်းများကို ပညာသင် ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၆ ရက်နေ့က ကန်တော်ကြီးပဲလေ့ ဟိုတယ်တွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ ထောက်ပံ့မှုများကို ယခုနှစ် ပညာရေးနှစ်မှ စတင်သွားမည် ဖြစ်ပြီး လက်ရှိတွင် ဘတ်ဂျက်ငွေ အဖြစ် ကျပ်သိန်း ၅၀၀ လျာထားကြောင်းနှင့် မဲဆောက်ဒေသတွင် ကျောင်း ၆ ကျောင်းနှင့် မိဘမဲ့ ကျောင်းတစ်ကျောင်းကို ဦးစွာ ထောက်ပံ့မှု ပြုလုပ်မည်ဖြစ်ကြောင်း လည်းသိရပါသည်။
ထို့အပြင် ကချင်၊ ကယား၊ ရှမ်း၊ ရခိုင်စသည့် နယ်စပ်ဒေသများရှိ ကျောင်းများကိုလည်း ထောက်ပံ့မှုများပြုလုပ်ရန် ဆက်သွယ်လျက်ရှိ ကြောင်းလည်း သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် ပညာရေး ရန်ပုံငွေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်းများလေလံတင် ရောင်းချရခဲ့သည့် ငွေများကိုလည်း ရန်ပုံငွေစိုက်ထူ၍ ပညာသင်ရန် အခက်အခဲဖြစ်နေသော ကလေး ငယ်များကို ထောက်ပံ့သွားမည်ဖြစ် ကြောင်းလည်း သိရသည်။
''လောလောဆယ်မှာ လျောက်ထားတဲ့ ကျောင်းသားတချို့ ရှိပါ တယ်။ ပညာသင်ဖို့ ကျောင်းစရိတ် အခက်အခဲရှိတဲ့ ကလေးတွေ၊ တက္ကသိုလ်ကျောင်းသားတွေ ရှိပါတယ်။ အဲဒါတွေကို ပြန်စိစစ်ပြီးပေးမှာပါ။ လက်ရှိ အကြမ်းဖျဉ်း တိုင်ပင်ထားတာတော့ စာသင်နှစ် တစ်နှစ်ကို ကျောင်းသား ၄၀ ဦးလောက် ပေးနိုင်ပါလိမ့်မယ်'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်က ပြောကြား ခဲ့ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အမေ့အိမ် ပညာဒါနကျောင်း ၈၆ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
By Eleven
By Eleven
0 comments:
Post a Comment