Thursday 3 January 2013

အင်ဒိုငါးဖမ်းစက်လှေပေါ်သို့ ရောင်းစားခံရဆဲမြန်မာအလုပ်သမားများ လွတ်မြောက်


ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးေ ထာက်လှမ်းရေးတပ်ဖွဲ့DSI, မြန်မာသံရုံး အလုပ် သမားကူညီစောင့်ရှောက်ရေးအသင်း, ထိုင်းတောင် ပိုင်းအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED နှင့်ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင် ငံသားများအဖွဲ့ MAT တို့ ၂၀၁၃ ခုနှစ်အတွက်ပထမဦးဆုံးပူးပေါင်း ဆောင်ရွက်ခဲ့သည့်အောင်မြင်မှုဖြစ်သည်။ အလုပ်သမားများနှင့်အတူ အသက် ၅၁ နှစ်အရွယ် ဂိုဏ်းခေါင်းဆောင်မြန်မာအမျိုးသမီးတစ်ဦး နှင့်အတူ သူမထံသို့ လူလာပို့သည့် ပဲခူးမြို့နယ် ကျွဲခြင်းရွာ မှ အသက်၂၆အရွယ် ပွဲစား ကိုလင်းလင်း တို့ကိုပါ ဖမ်းဆီးနိုင် ခဲ့သည်။ ပြန်လည်လွတ်မြောက်လာသည့် ပဲခူးတိုင်း ဖြူးက ကိုမျိုးနိုင်ဦး က“ ကျနော်တို့ ကိုအလုပ်ကောင်းေ ကာင်း ရမယ်ဆိုပြီး ပွဲစား ကိုလင်းလင်းက လိမ်ခေါ်လာတယ်။ သူက ကျနော်တို့ကို တစ်ယောက် ဘတ် ၈၅၀၀ နဲ့ ပွဲစားမကြီး ဒေါ်နီစိုး ကိုရောင်းတယ်။ ဒေါ်နီစိုး က အင်ဒိုနီးရှားလှေကို တစ်ယောက်ကို ဘတ်ငွေ ၂၇၀၀၀ စီနဲ့ ရောင်းမယ်ပြင်ထားတယ်။ နောက် နာရီဝက်လောက် နောက်ကျရင် ကျနော်တို့ အင်ဒိုလှေ ကိုရောက်သွားမယ်။ ကျနော်တို့ ဦးကျော်သောင်းကို အဆက်အသွယ်ရခဲ့တယ်။ သူညွှန်ကြားတဲ့ အတိုင်း ကျနော် လုပ်ဆောင်ခဲ့တယ်။ ကူညီကြသူတွေကို အလွန် ကျေးဇူးတင်ပါတယ်ဗျာ” ဟုပြောသည်။ ကူညီရေး ဆရာတော် ဦးဇောတိ က ထံသို့ မခင်ဦးဆွေက ဦးစွာ အဆက်အသွယ်ရရှိခဲ့ပြီး မှ MAT အဖွဲ့ သို့ ဆက်သွယ်အကူညီတောင်းခံခဲ့ကြောင်း လွတ်မြောက်လာသူများက ပြောသည်။  
 ပြန်လမ်းအထူးနည်းပါးပြီး ကာလကြာမြင့်စွာ အလုပ်လုပ်ရသည့် အင်ဒိုနီးရှားငါးဖမ်းစက်လှေ ပေါ် သို့ ရောင်းစားခံရဆဲအလုပ်သမား ၇ဦးတို့ အား လူကုန်ကူးမှုပူးတိုက်ဖျက်ရေးပူးပေါင်းအဖွဲ့တို့က လက်မတင် အချိန်တွင်း ကယ်တင်နိုင်လိုက်ကြောင်း သိရှိရသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “ ၂၀၁၃ နှစ်ဆန်း ၁ရက်နေ့ဖြစ်နေတယ်။ ထိုင်းအစိုးရ ရုံးတွေအလုပ်မလုပ်သေးတဲ့နေ့ဖြစ်နေတယ်။ အလုပ် သမားတွေကလည်းအလွန်စိုးရိမ်စရာဖြစ်နေတယ်။ ယောက်ျားလေးတွေကအင်ဒိုလှေကိုရောက်ဖို့ ကိန်းသေနေပြီ၊မိန်းကလေး၂ ယောက်ဘယ်ရောက် မယ်ဆိုတာမရေရာ ဖြစ်နေတယ်။ ကျနော် သူတို့ အတွက် အတော်စိတ်ပူနေမိတယ်။ ပွဲစားတွေဆိုတာက အုပ်စုလိုက်လုပ်ကြတာ။ တစ်ညလုံး ကျနော် အလုပ် သမားတွေနဲ့ စကားပြောလို့ရသလောက်ပြောနေတယ်။ မနက်မိုးလင်းတော့DSIနဲ့ အဆက်အသွယ်လုပ်ပြီးအားချင်းစီစဉ်နိုင်ကြတယ်။အလုပ်သမားတွေကကိုယ် ရောက်နေတဲ့ နေရာကို အသေ အချာ မပြောနိုင်တာကြောင့် ကျနော်တို့ အချိန်အတော်ကြာသွားခဲ့တယ်” ဟုပြောသည်။ ယခု ကယ်တင်လာခဲ့သူများမှာ (၁) မျိုးနိုင်ဦး အသက် ၃၃ နှစ် ဖြူး(ပဲခူးတိုင်း) ပတ်စပို့ အမှတ် TAO-37119 (၂) ဝေယံ အသက် ၂၄ နှစ် နေပြည်တော် ပတ်စပို့ အမှတ် TAO - 49458 (၃) မြင့်ဇေါ် အသက် ၂၃ နှစ် နေပြည်တော် ပတ်စပို့ အမှတ် TAO-37187 (၄) ဇေါ်မင်းထက် အသက် ၁၉ နှစ် ပဲနွယ်ကုန်(ပဲခူးတိုင်း) ပတ်စပို့ မမှတ်မိ (၅) မသီတာစိုး အသက် ၃၅ နှစ် ကြို့ပင်ကောက်(ပဲခူးတိုင်း) ပတ်စပို့ အမှတ် TAO- 64996 (၆) မခင်ဦးဆွေ အသက် ၂၃ နှစ် တောင်ငူ( ပဲခူးတိုင်း) ပတ်စပို့ အမှတ် TAO - 48781 (၇) ညှန်း အသက် ၂၃ နှစ် ကမ္ဘောဒီယားနိုင်ငံသား အမျိုးသား တစ်ဦး တို့ ဖြစ်ကြကြောင်း သိရှိရသည်။ လွတ်မြောက်လာကြသူများသည် ၂၀၁၂ ခုနှစ် ဇွန်လ၉ ရက်နေ့က Human Resource International Co,Ltd (HRI)ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့ကြသည့် အလုပ်သမား၃၇၃ ယောက်အထဲမှ ဖြစ်ကြောင်း အလုပ်သမားများကပြောသည်။အလုပ်ပင်ပန်းပြီးလုပ်အားခနည်းပါးသဖြင့်အလုပ်သစ်ရှာကြရာ မှ ယခုကဲ့သို့ ရောင်းစားခံခဲ့ရခြင်းဖြစ်ကြောင်း မခင်ဦးဆွေ ကပြောသည်။ အလုပ်သမားများ တရားဝင် ဆက်လက်အလုပ် လုပ်ကိုင်ခွင့်ရရှိရေးအတွက် မြန်မာသံရုံး အလုပ်သမား သံ အရာရှိထံသို့အကူညီတောင်းခံထားကြောင်း ဦးကျော်သောင်းကပြောသည်။ပွဲစား၂ဦးကိုထိထိရောက် ရောက် အရေးယူနိုင်ရန်အတွက် မြန်မာပြည်သို့ ပို့ဆောင်နိုင်အောင် စီစဉ်မည်ဖြစ်ကြောင်း ဦးကျော်ကျော် လွင် ကပြောသည်။

0 comments: