Thursday 3 January 2013

ပြည့်တန်ဆာအဖြစ်ရောင်းစားခံရသည့် မြန်မာအမျိုးသမီး၁၈ဦးနှင့်ပွဲစား ၂ဦးအားဖမ်းဆီး

2012 ဒီဇင်ဘာ ၂၆ထိုင်းနိုင်ငံဘန်ကောက်မြို့ အနောက်ဘက် ၁၂၉ ကီလိုမီတာ ရှိသော နယ်စပ်မြို့ ကာညနဘူလီခရိုင် စန်ခဘူလီမြို့ရှိနယ်မြေအမှတ် (၉)နောင်လူ ရပ်ကွက်တွင် ဖွင့်ထားသော ပြည့်တန်ဆာ လုပ်ငန်း တစ်နေရာကို သတင်းအရ ထိုင်းလူကုန်ကူးတိုက်ဖျက်ရေး နယ်မြေ ၅ ကြီးကြပ်ရေး စစ်ထိချိုင်းလီလာစဝပ် ၏ အဖွဲ့သည် ဧည့်သည်ရောင်ဆောင်၍ ဝင်ရောက်ပျော်ပါးသူအဖြစ် ဟန်ဆောင်ခဲ့ရာ ပွဲစား (၂) ဦးနှင့်မိန်းကလေး ၁၈ ယောက် ကို ဖမ်းဆီးနိုင်ခဲ့သည်။ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရသူများနှင့် ပွဲစား၂ဦးတို့အား ဆက်လက်စစ်ဆေးရန် အတွက် ထိုင်းအစိုးရ လူကုန်ကူးတိုက်ဖျက်ရေးဗပာိုဌာနချုပ်AHTD သို့ ခေါင်ဆောင်လာခဲ့သည်။ ဥပဒေအရဆက်လက်ဆောင် ရွက်သွားမည်ပာု The nation သတင်းစာတွင် ရေးသားထားသည်။

0 comments: