Sunday 7 October 2012

အတင်းအကြပ် တပ်မတော်တွင်းသို့ဝင် ရောက် ရန်ခြိမ်းခြောက်သူအား ဖော်ထုတ်ဖမ်းဆီးရမိ

လူထုပုံရိပ် ဂျာနင်၊ အတွဲ(၁)၊ အမှတ်(၁)ပါ မောင်ဝင်းသူအား အတင်းအကြပ် တပ်မတော်တွင်းသို့ဝင် ရောက် ရန်ခြိမ်းခြောက်သူအား ဖော်ထုတ်ဖမ်းဆီးရမိ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ဝေသည့် လူထုပုံရိပ်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁)၊ စာမျက်နှာ(၁၉)တွင် မေးမြန်းသူ တင်မောင်ထွေး၏ ''မီးရထားလာနေသော သံလမ်းပေါ် ကိုယ်တုံးလုံးချွတ် ဝမ်းလျားမှောက် ခိုင်းပြီး အဓမ္မစစ်ထဲဝင်ရန် စေခိုင်းရသော လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း'' တွင်ပါဝင် သည့် ဖြစ်စဉ်၌ ပါဝင်ကျူးလွန်သူ များအား တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်သည့် အညာသား(ခေါ်) ချစ်ကိုထွန်း(ခေါ်) သိန်းထိုက်ငြိမ်းအား ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ တပ်မတော်အနေဖြင့် ILO, UNICEF,World Vision, UNDP, UNHCR, UNOCHA, Save The Children တို့ပါဝင်ဖွဲ့ စည်းထားသည့် CTFMR အဖွဲ့နှင့် ''အရွယ်မရောက်သေးသည့် ကလေးလူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေကော်မတီ" ပူးပေါင်း၍ တပ်သားသစ် စုဆောင်းရေးနှင့် အဓမ္မလုပ်အားပေး ဆောင်ရွက်မှု မရှိစေရေးကို သတ်မှတ် စည်းမျဉ်းများနှင့် အညီ တိကျစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ အထက်ပါဖြစ်စဉ်တွင် ခြိမ်းခြောက်ခံရသူ မောင်းဝင်းသူသည် ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၁ ရက် ၀၈၀၀ နာရီ၌ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက် NLD ပါတီရုံးသို့ တိုင်ကြားရာ ရုံးတာဝန်ခံ အောင်ငြိမ်းချမ်းမှစီမန်ပေးမှုဖြင့် NLD ရုံးချုပ်၏ ရှေ့နေ သက်ဝေ(ခေါ်) ပေါက်စနေအိမ်၌ စက်တင်ဘာလ ၂၃ ရက် ၁၀၀၀ နာရီ မှ ၁၂၀၀ နာရီ၊ ၁၃၀၀ နာရီမှ ၁၄၀၀ နာရီထိ ရန်ကုန်တိုင်း(မ်)၊ ဗီးနပ်၊ လူထုပုံရိပ်၊ ဒီဗွီဘီဂျာနယ်များနှင့် သက်ဝေ (ခေါ်) ပေါက်စမှ တွေ့ဆုံပေးခဲ့ကြောင်း၊ ၎င်းနေ့ ၁၅၀၀ နာရီတွင် ILO ရုံးသို့ သွားရောက်တိုင်ကြားရာ ILO ရုံးတာဝန် ရှိသူ ၁ ဦးမှ စစ်တပ်ထဲ အမှန်တစ်ကယ် မ၀င်ရောက်ခဲ့သေးသည့်အတွက် အရေးယူ၍ မရကြောင်း ပြန်ကြားခဲ့သည်ဟု ဖော်ထုတ်ရှိရပါသည်။ အညာသား (ခေါ်) သိန်းထိုက်ငြိမ်း၏ ထွက်ဆိုချက်နှင့် မောင်ဝင်းသူ၏ ပြောကြားချက် တိုက်ဆိုင်စိစစ်ရာ မောင်ဝင်းသူမှ သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၀၄၃၀ နာနရီတွင် သူငယ်ချင်းတစ်ယောက်နှင့် ရထားစောင့် ဆိုင်းနေကြောင်း ထွက်ဆိုခဲ့သော်လည်း အညာသားမှ သြဂုတ်လ ၂၀ ရက် ည ၁၁ နာရီခန့်က ပုဇွန်တောင် ဘူတာအကျော် ဂုံးကျော်တံတားအောက်တွင် အမျိုးသမီးတစ်ဥိးနှင့် မဖွယ်မရာပြုလုပ်နေသူ မောင်ဝင်းသူ အား တွေ့ရှိကြောင်း ထွက်ဆိုချက် ၂ ခုမှာ ကွဲလွဲထွက်ဆိုထားကြောင်း ဖော်ထုတ် ရရှိပါသည်။ အထက်ဖော်ပြချက်များအရ လူထုပုံရိပ်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁)ပါ တင်မောင်ထွေးဆိုသူ၏ ဖော်ပြချက်များမှာ တပ်မတော်နှင့် သက်ဆိုင်ခြင်း မရှိသော ဒုစရိုက်မှုကျူးလွန်သည့် အရပ်သားတစ်စု၏ ဆောင်ရွက်ချက် သာဖြစ်ကြောင်း၊ ဖြစ်စဉ်တွင်ပါဝင်ပြီး ဖမ်းဆီးရမိ အညာသား(ခေါ်) သိန်းထိုက်ငြိမ်းအား တရားဥပဒေနှင့် အညီ အရေးယူသွားမည်ဖြစ် ပြီး ကျန်တရားခံ ၂ ဦးဖြစ်သည့် ကတုံးနှင့် အပုလေးတို့အား ဖော်ထုတ် ဖမ်းဆီးရမိ အရေး ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းရရှိ ပါသည်။

0 comments: