Tuesday 4 September 2012

လူကုန် ကူးမှုကို ထိရောက်စွာ တားဆီး ကာကွယ် နိုင်မှုများ ကြောင့် မြန်မာနိုင်ငံအား စောင့်ကြည့်


အေးမြင့်စန်း  ဇွန်၊ ၂၃၊ ၂၀၁၂
လူကုန် ကူးမှုကို ထိရောက်စွာ တားဆီးကာ ကွယ်နိုင်မှု များကြောင့် မြန်မာ နိုင်ငံအား စောင့်ကြည့် အဆင့်၂သို့ တိုးမြှင့်သတ်မှတ် ပေးခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန် ကူးမှု တားဆီး ကာကွယ်ရး (ဗဟို) ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။ မြန်မာ နိုင်ငံ၏ လူကုန်ကူး မှုအပေါ် တိုးမြှင့်တား ဆီးကာကွယ် နိုင် မှုများ အပေါ် အဆင့် ၂သို့ပြောင်းလဲ သတ်မှတ်ပေး လိုက်ကြောင်းကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီ လာရီက လင်တန်က ဇွန်လ ၁၉ ရက်နေ့ ၂၀၁၂ခုနှစ် လူကုန်ကူးမှု ဆိုင်ရာစီရင်ခံစာ TIP တွင်ထုတ်ပြန် ကြေငြာ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ကမ္ဘာပေါ် မှာရှိတဲ့ နိုင်ငံပေါင်း ၁၈၀ရဲ့ လူကုန်ကူးမှု တားဆီးနိုင် မှု အခြေ အနေတွေကို အမေရိ ကန်နိုင်ငံက အကဲဖြတ်ပြီး အဆင့် တွေသတ် မှတ် ပေးတာပါ။ မြန်မာနိုင်ငံက စောင့်ကြည့် အဆင့် ၃ ကနေ ယခု နှစ်မှာ စွမ်း ဆောင် ရည်တိုးမြင့် လာလို့အဆင့် ၂ ကို တိုးမြင့် ပေးခဲ့တာပါ'' ဟု လူကုန်ကူး မှုတားဆီး တာကွယ်ရေး (ဗဟို) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
အဆိုပါ စောင့်ကြည့် အဆင့် အတွက် လူကုန် ကူးမှု ကို တားဆီး ကာကွယ် ရန်နှင့် အပြစ် ပေးရန်၊ လူကုန်ကူး မှုပြစ်မှုကို အရေး အကြီးဆုံး ပြစ်မှု အဖြစ် သတ်မှတ် ပေးရန်၊ လူကုန် ကူးမှုကို ထိရောက်စွာ အရေးယူ သွားရန်နှင့်...
အမေရိ ကန်နိုင်ငံ သည် ၂၀၀၀ ပြည့်နှစ် မှစ၍ လူကုန်ကူး ခံရသူများ အကာ အကွယ်ပေးရေး ဥပဒေ အရ ကမ္ဘာ့ နိုင်ငံအသီးသီး ၏ လူကုန် ကူးမှု တားဆီး နိုင်ခြင်းများ ကို အကဲ ဖြတ်၍ အဆင့် သတ်မှတ် ပေးခဲ့သည်။ အဆိုပါ စောင့်ကြည့် အဆင့်အတွက် လူကုန်ကူး မှုကို တားဆီး ကာကွယ်ရန် နှင့် အပြစ်ပေးရန်၊ လူကုန်ကူး မှုပြစ်မှုကို အရေးအကြီး ဆုံးပြစ် မှုအဖြစ် သတ်မှတ် ပေးရန်၊ လူကုန် ကူးမှုကို ထိရောက်စွာ အရေးယူ သွားရန်နှင့် ရေရှည် စီမံကိန်း ချမှတ် ဆောင်ရွက်ရန် ဟူ၍ အနိမ့်ဆုံး အလွှာ ၄ လွှာကို ပြဌာန်း ကာ လိုက်နာသော နိုင်ငံများ ကို နှစ်စဉ် အဆင့်များ အကဲဖြတ် ၍ သတ်မှတ် ပေးခြင်း ဖြစ်ကြောင်း သိရသည်။
အမေရိ ကန်နိုင်ငံမှ သတ်မှတ် ထားသည့် လူကုန် ကူးမှုပြဌာန်း ချက် ၄ ချက်ကို အပြည့် အ၀လိုက် နာသော နိုင်ငံကို စောင့်ကြည့် အဆင့် ၁ အဖြစ် သတ်မှတ်၍ အပြည့်အ၀ လိုက်နာခြင်း မရှိသော် လည်း ကာကွယ် မှုများ စွမ်း ရည် တိုးမြှင့်လာ သည့်အတွက် မြန်မာ နိုင်ငံကို အဆင့် ၂ သို့ သတ်မှတ် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွင်းမှာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အနေနဲ့ လူကုန် ကူးမှု အမှုပေါင်း ၁၂၀ မှုကို ဖော်ထုတ် နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ
ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို လူကုန်ကူးမှု အမှုပေါင်း ၁၂၀ မှုကို ၂၀၁၁ ခုနှစ်ထဲမှာ ဖော်ထုတ် နိုင်ခဲ့ပြီး တရားခံ ၃၀၇ ဦးကို အရေးယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူကုန်ကူး ခံရသူ ၁၅၄ ဦးကို ကယ်တင်ပြီး မိသားစုများနဲ့ ပြန်လည် ပေါင်းစည်း ပေးနိုင်ခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၁ ခုနှစ် အတွင်းမှာ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းကို အခြေပြုပြီး တရုတ် နိုင်ငံကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး စီမံချက်ကို တိုင်းဒေသကြီး၊ ပြည်နယ် ၆ ခုမှာ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ စီမံချက်အရ အရင်က တရုတ်နိုင်ငံကို ဦးတည်တဲ့ လူကုန်ကူးမှုဟာ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားတဲ့ အမှုရဲ့ ၈၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အထူး စီမံချက် ဆောင်ရွက်မှု အပြီးမှာတော့ ၆၉ ရာခိုင်နှုန်း အထိ လျော့ကျ သွားခဲ့တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွင်းမှာ လူကုန်ကူးမှု ဆိုင်ရာ ၀က်ဘ်ဆိုဒ် တစ်ခုကို ထူထောင်ခဲ့ပြီး လူကုန်ကူးမှုနဲ့ ဆက်စပ်တဲ့ ဥပဒေများ၊ စာချုပ်များ၊ သတင်း အချက်များ ကိုတော့ 

www. myanmarhumantrafficking.gov.mm မှာ ဖတ်ရှု လေ့လာ နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments: