Tuesday 29 November 2011

တရုပ်နိုင်ငံမှာ မိခင်ကနေ မွေးလာတဲ့ကလေးကို HIV ကူးစက်တဲ့နှုန်း ကျဆင်း

တရုပ်နိုင်ငံမှာ မိခင်ကနေ မွေးလာတဲ့ကလေးကို HIV ကူးစက်တဲ့နှုန်း ကျဆင်းလာတယ်လို့ ၂၈-၁၁-၂ဝ၁၁ နေ့ကလာတဲ့ (ဆင်ဟွာ) သတင်းတခုက ဆိုပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ ကူးစက်နှုန်း ၃၄့၈% ရှိခဲ့ရာကနေ ၂ဝ၁ဝ အကုန်မှာ ၇့၉% သာရှိတယ်လို့ တရုပ်ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုတာ ဖြစ်ပါတယ်။

၂ဝဝ၉-၂ဝ၁ဝ အတွင် တရုပ်အစိုးရက တောနယ်တွေမှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေး တိုးတက်လာစေအောင် တရုပ် ယွန် ၈့၃ ဘီလျန် (အမေရိကန် ဒေါ်လာ ၁့၃ ဘီလျန်) သုံးစွဲခဲ့ပါတယ်။ ဆေးရုံ-ဆေးခန်းတွေမှာ ကလေးမီးဖွါးတာ၊ သားအိမ်-ကင်ဆာ၊ ရင်သားကင်ဆာ စစ်ဆေးတာ၊ မိခင်ကနေ ကလေးကို HIV ကူးစက်တာ ကာကွယ်ရေး စတာတွေ ပါဝင်တယ်လို့ လက်ထောက် ကျန်းမာရေး ဝန်ကြီး Ma Xiaowei မဇိုဝေ က ပြောလိုက်ပါတယ်။

သူ့အဆိုအရ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ တောနယ်တွေက ကိုယ်ဝန်ဆောင်ပေါင်း ၁၃့၉ ယောက်ဟာ HIV/AIDS နဲ့ပတ်သက်တဲ့ ဆွေးနွေးအဖြေရှာမှုတွေ ရခဲ့ကြတယ်။

အစိုးရ ကိန်းဂဏန်းတွေအရ တရုပ်နိုင်ငံမှာ ပြီးခဲ့တဲ့ စတင်္ဘာလကုန်မှာ AIDS ရောဂါနဲ့ HIV ပိုးရှိသူပေါင်း ၄၂၉ဝဝဝ ယောက်ရှိနေတယ်။ ၁၁ လအတွင်း ၆ဝဝဝဝ တိုးလာတာ ဖြစ်တယ်။ စာရင်းသွင်းဦးရေအရ လျှော့ကျတာဖြစ်ပေမဲ့ အများကြီးကျန်နေသေးတယ်။

ယမုန်နာ ဆေးခန်းမှ ကူးယူသည် ....

0 comments: