Wednesday 16 November 2011

ဂျာမနီတွင် လိင်ခွန်ကောက်ခံရေး မီတာများ တပ်ဆင်မည်


ဂျာမနီ နိုင်ငံရှိ မြို့တော်တခု ဖြစ်သည့် ဘွန်းတွင် လမ်းမများပေါ်တွင် ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေသူ အမျိုးသမီး များ အတွက် အခွန်ပေးဆောင်စေမည့် မီတာများ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယခုလို ပြုလုပ်ခြင်းမှာ နိုင်ငံ အတွင်း သက်တမ်းအကြာဆုံး အလုပ်တခုဖြစ်သည့် လိင်မှုလုပ်ငန်းများအတွင်း ပထမဆုံးအကြိမ်အဖြစ် အခွန်ကောက် ခံမှုကို ပြုလုပ်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ယခု အစီအစဉ်ကြောင့် လမ်းမများပေါ်တွင် ပြည့်တန်ဆာအဖြစ် ဆောင်ရွက်မည့် အမျိုးသမီးများအတွက် လမ်းမဘေးတွင် ထောင်ထားသည့် လက်မှတ်ရောင်း စက်မှတဆင့် ၎င်း တို့၏ အလုပ်မစတင်မီ အချိန်တွင် လက်မှတ်များ ဝယ်ယူရန် လိုအပ်မည်ဖြစ်ကာ တရက်တာအတွက် အခွန်ငွေကို ပေးဆောင် ရမည် ဖြစ်သည်။

ပြည့်တန်ဆာ လုပ်ငန်းမှာ ဂျာမနီ နိုင်ငံ ဘွန်းမြို့တွင် တရားဝင် သည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး ည ရှစ်နာရီ ၁၅ မိနစ်မှ နောက်နေ့ နံနက် ၆ နာရီအချိန် အထိ လုပ်ဆောင်ရန် ခွင့်ပေးထားကြောင်း သိရသည်။ အဆိုပါ အခွန်ငွေမှာ ပေါင်ငွေ ၅.၃၀ ကျသင့်မည် ဖြစ်သည်ဟု The Daily Telegraph သတင်းတွင်ရေးသားပါရှိသည်။

ယခုလို လက်မှတ် ရောင်းချမှု စတင်ချိန် နောက်ပိုင်းတွင် ရဲအရာရှိမှ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်မပါရှိပါ က ဒဏ်ကြေးပေးဆောင်ရန် သို့မဟုတ် အလုပ်လုပ်ခွင့် ပိတ်ပင်သည့် ပြစ်ဒဏ်များ ချမှတ်မည် ဖြစ်သည်။ လက်ရှိတွင် ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် ပြည်တန်ဆာ အဖြစ် လုပ်ကိုင်သူပေါင်း ၂၀၀ခန့် ရှိပြီး ယခုလုပ်ရပ်မှာ ဂျာမနီနိုင်ငံ လမ်းမများ အတွင်း ပြည်တန်ဆာများထံမှ ပထမဆုံး အကြိမ်အဖြစ် အခွန်ကောက်ခံခြင်းလည်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော် ပြခဲ့သည်။

http://knljapan.blogspot.com မှ ကူးယူဖေါ်ပြသည်
...

0 comments: