Friday 17 June 2011

HIV ရှိတဲ့ ကလေး ကျောင်းပြန် တက်နိုင်ပြီ(BBC)

HIV ဗိုင်းရပ်စ် ကူးစက်နေတဲ့ အတွက် ဒဂုံမြို့ သစ် တောင်ပိုင်း ၅၇ ရပ်ကွက်မှာ ရှိတဲ့ အစိုးရ မူလတန်းကျောင်းမှာ သုံးရက် ကျောင်းတက်ခဲ့ပြီးမှ ကျောင်းကနေ ထုတ်ပယ် ခံခဲ့ရတဲ့ ကလေး ကို ကျောင်းအုပ်ဆရာမကြီးက ပြန်လည် ကျောင်းတက်ခွင့် ပေးလိုက်ပါတယ်။

တခြား ကလေးတွေနဲ့ ခွဲခြားပြီး သီးသန့် သင်ကြား ပေးမယ်လို့ဆိုပေမဲ့ အခုတော့ကျောင်းသားတွေ အားလုံးနဲ့ အတူ သင်ကြားခွင့် ပြုလိုက်တာပါ။

ကျောင်းအုပ် ဆရာမကြီး ကိုယ်တိုင် ကလေးကို ပြန်လည် လက်ခံတဲ့ အကြောင်း သူ့ရဲ့ အုပ်ထိန်းသူတွေကို လာပြောခဲ့တာ ဖြစ်ပြီး ကလေးကို သီးသန့် ခွဲခြား စာသင် ပေးမယ် ဆိုတာ ကိုတော့ မိဘတွေက လက်မခံ ခဲ့ဘူးလို့ HIV ဝေဒနာသညတွေကို ကူညီ ပေးနေသူ ဦးသိန်းမြင့်ထွန်းက ပြောပါတယ်။

သီးသန့် ခွဲခြားပြီး စာသင်ပေးမယ်ဆိုရင် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှာစိုးတဲ့အတွက် တခြားကလေးတွေနဲ့အတူ သင်ကြားပေးစေလိုတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အလားတူ ဗိုင်းရပ်စ် ကူးစက်နေကြတဲ့ ကျောင်းသူ တစ်ယောက်နဲ့ ကျောင်းသားတစ်ယောက်လည်း ကောင်းမွန်စွာ စာသင်ကြား နေကြပါတယ်။

HIV ဝေဒနာသည် ကလေးတွေဟာ ရောဂါကူးစက် နေတာကြောင့် ကလေးငယ်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဆုံးရှုံးမှု မရှိသင့်ဘူး၊ ကျောင်းနေ အရွယ်မှာ ကျောင်းတက် နိုင်ခွင့် ရှိသင့်တယ်လို့ ဦးသိန်းမြင့်ထွန်းက ပြောပါတယ်။

HIV ဗိုင်းရပ်စ် ကူးစက်နေကြသူ ကလေးတွေဟာ တခြားကလေးတွေနဲ့ ရောနှောထားပေမဲ့ ကူးစက်နိုင်ခြင်း မရှိတဲ့အကြောင်း ဆရာမကြီးကို ပြောပြ ခဲ့တယ် လို့လည်း သူက ဆိုပါတယ်။

ဆရာ ဆရာမ တွဟော HIV နဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းပါး နေသေးတယ်၊ တခြား ကျောင်းတွေမှာလည်း အလားတူ အဖြစ်မျိုးတွေ ရှိနိုင်တာကြောင့် ပညာ ပေးဖို့ လိုအပ်နေတယ်လို့ သူကပြောပါတယ်။

အခုတော့ ကျောင်းပြန် တက်ခွင့်ရလို့ ကလေးငယ်နဲ့ သူ့ သူငယ်ချင်းတွေ ပျော်ရွှင် နေကြတယ်လို့လည်း သိရပါတယ်။

0 comments: