Wednesday 20 April 2011

ပိတ်လှောင်ခံထားရတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃၉ ဦးကို ကယ်တင်နိုင်ခဲ့


VOA ... မှ
ဘန်ကောက်မြို့ ဒင်းဒန်မြို့နယ်ထဲက အိမ်တွင်းအထည်ချုပ် စက်ရုံမှာပိတ်လှောင်ခံထားရတဲ့ မြန်မာအလုပ်သမား ၃၉ ဦးကို ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းတို့ ပူးပေါင်းကာ ၁၉ ရက်နေ့ နေလည်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဘန်ကောက်မြို့ဒင်ဒန်းမြိုနယ် မြို့လည်ခေါင်ထဲက အနုစာဝါရီ လွတ်လပ်ရေးကျောက်တိုင်အနီး အိမ်တွင်းအထည်ချုပ် စက်၇ုံကမြန်မာအလုပ်သမားတွေကို ထိုင်းရဲတွေက ကယ်တင်နိုင်ခဲ့ပါပြိ မြန်မာအလုပ်သမားတွေကတော့ ၃၉ ဦးရှိပြီး အမျိုးသမီး ၃၀ ဦးနဲ့ အမျိုးသား ၉ ဦးပါတယ်လို့ ဆိုပါတယ်။

အဲဒီ မြန်မာအလုပ်သမားတွေဟာ တနေ့ကို ၁၈ နာရီကြာ ခိုင်းစေခံထားရပြီး အလုပ်ရှင်တွေရဲ့ လူမဆန်စွာပြုမူခြင်းကို ခံခဲ့ရတဲ့အပြင် အပြင်ထွက်ခွင့်မပေးဘဲ အိမ်တံခါး ၂ ထပ်နဲ့ သော့ခတ်ပြီး ပိတ်လှောင်ထားတာ ခံခဲ့ရပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT) ကနေ ဦးဆောင်ကာ ရဲကိုတိုင်ချက်ဖွင့် ဖမ်းဆီးမှု တွေ လုပ်ခဲ့တယ်လို့ တာဝန်ခံဖြစ်တဲ့ ဦးကျော်သောင်းက အခုလိုရှင်းပြပါတယ်။

“မနက် ၈ နာရီကနေ နောက်နေ့မနက် ၃ နာရီ ၄ နာရီထိခိုင်းတယ် အလုပ်အရေးကြီးရင် မိုးလင်းအထိခိုင်းတဲ့ အလုပ်ရုံ တရုံကို လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးအဖွဲ့နဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ အဖွဲ့နဲ့ ဒီကနေ့ ၁၂ နာရီမှာ ဝင်ရောက်ပြီး တော့ နှစ်ပေါင်းများစွာ အလုပ်လုပ်နေရတဲ့ မြန်မာအလုပ်သမား ၆၉ ကို ဝင်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်” လို့ ပြောပြသွား ပါတယ်။

အိမ်တွင်းစက်ချုပ်ရုံမှာ ပိတ်လှောင်ခံခဲ့ရတဲ့ မြန်မာအလုပ်သမားလေးဟာ နှစ်နဲ့ချီ ပိတ်လှောင်ခံခဲ့ရပြီး တနေ့တနေ့ အလုပ်ချိန် အများကြီးလုပ်နေရတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်း အညောင်းမိပြီး ပြေးလိုမရတဲ့အခြေအနေ ဖြစ်ခဲ့ရ တယ်လို့ ပြောပြပါတယ်။

“သမီးတို့ကို လှောင်အိမ်ထဲပိတ်ထားတော့လေ အိမ်ပေါ်နဲ့ အိမ်အောက် စက်ခန်းနဲ့ အဲလိုမျိုးနေနေရတော့ ခြေထောက် တွေက ညောင်းချိလာတယ် အောက်ပိုင်းတွေက မလှုပ်နိုင်တော့ဘူး ထွက်ပြေးတာတောင်မှ သမီးလေ ခွေခွေပြီးလဲ တယ် တနင်္ဂနွေနေ့နားရက်ကြတော့ သူများစက်ရုံတွေက တနေကုန်နားတယ် သမီးတို့ စက်ရုံက တနေကုန်မနားရပါ ဘူး မိုးချုပ် ၅ နာရီမှ နားရပါတယ်။ ”

အလုပ်သမားတွေဟာ ထိုင်မြန်မာနယ်စပ် မဲဆောက်မြို့ကနေ ဘန်ကောက်ကိုရောက်ဖို့အတွက် လူကုန်ကူးသူတွေကို ဘတ်ငွေ ၁ သောင်း ၄ ထောင်ပေးကြရပါတယ်။ လမ်းစရိပ်တွေကို ဘန်ကောက်ရောက်မှ လုပ်အားနဲ့ အကြွေးဆပ်ရ မယ်လို့ အလုပ်ရှင်နဲ့ညှိပြီး လာခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဘန်ကောက်ကိုရောက်ဖိုအတွက် ခိုးလမ်းတွေကနေ လာခဲ့ရကြောင်း ဘန်ကောက်ရောက်တာနဲ့ အိမ်ထဲကနေ အိမ်ပြင် ထွက်ခွင့်မရပဲ ပိတ်လှောင်ခံရပြီး အလုပ်လုပ်ရတယ်လို့ ပြောပြပါတယ်။

သူတိုထဲမှာ အခုချိန်ထိငွေမရသေးပဲအကြွေးမကျေသေးသူတွေလည်းရှိတယ်လို့ဆိုပါတယ် သူတိုအနေနဲ့ အပြင်ကို ထွက်ခွင့်ရချိန်ကတော့ အမှိုက်သွန်တဲ့အချိန်မှာဖြစ်ပြီး အဲဒီအချိန်မှာ ထွက်ပြေးခဲ့ပေမဲ့ လွတ်မြောက်သူနည်းတယ်လို့ ဆိုပါတယ် စက်ချုပ်ရုံထဲမှာပြင်ပနဲ့ဆက်သွယ်လို့မရအောင် တယ်လီဖုန်းကိုင်ဆောင်ခွင့်ကိုလည်း ပိတ်ပင်ထားခဲ့တယ် လို့ဆိုပါတယ်။

ထွက်ပြေးသူတွေကို အလုပ်ရှင်တွေက ရဲတွေရဲ့ အကူအညိနဲ့ပြန်ဖမ်းခဲ့ပြီး ထွက်ပြေးတဲ့အတွက် ဘတ်ငွေ ၁ သောင်း ထပ်ပြီး လုပ်အားခကနေ နှုတ်ယူတာခံရတာတွေရှိတဲ့အတွက် အလုပ်သမားတွေက ထွက်မပြေးရဲတာတွေ ရှိပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လက အလုပ်သမား ၃ ဦးထွက်ပြေးခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ကို ဆက် သွယ်တိုင်ကြားပြီး အမှုဖွင့်ဖို့လုပ်ဆောင်ခဲ့ပါတယ်။ ထွက်ပြေးလာသူတွေဟာ သူတိုကို ပိတ်လှောင်ထားတဲ့နေရာ လိပ် စာအတိအကျမသိတဲ့အတွက် မမှတ်မိတာကြောင့် ကယ်ထုတ်ဖို့အတွက် အခက်အခဲ့ ရှိတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက ဆက်ပြောပြပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ အလုပ်သ မားတွေထဲမှာ ကရင်ပြည်နယ်အခြေစိုက် မြန်မာစစ်တပ်တွေက မိသားစုဝင်တွေပါဝင်ပြီး ကယ်ထုတ်လာခဲ့တဲ့ သူတွေ ကိုတော့ လက်ရှိမှာ ထိုင်းလူကုန်မူတိုက်ဖျက်ရေး ရဲဌာနရုံးမှာ ယာယီခေါ်ဆောင်ထားကာ မေးမြန်းနေဆဲ ဖြစ်ပြီး ထိုင်းလူဝင်မူဥပဒေအရ နယ်စပ်ကိုပြန်ပို့မယ်လို့လည်း သိရပါတယ်။

0 comments: