ဘ၀ဆိုသည်မှာ မွေးကင်စကလေးအရွယ်မှစ၍ လူရယ်လို့ဖြစ် လာသည့် အချိန်တွင် မိမိ၏ ဘ၀တသက်တာ ရှေ့ရေးအတွက် အေးချမ်းသာယာစေဖို့ ပညာသင်ကြားပြီးလျှင် မိမိသင့်တော်ရာ လုပ်ငန်းတတခုခုကို ရှာဖွေလုပ်ကိုင်ရပါသည်။ ထို့အပြင် တနေ့ တာစာဝတ်နေရေး ၀မ်းစာအတွက်ကိုလည်း ရုန်းကန်လုပ်ကိုင် ရ ပါသည်။
လောကကြီးမှာ လူတိုင်းလူတိုင်းသည် လူရယ်လို့ဖြစ်လာသည့် အ ခါတွင် မိမိကို အရမ်းချစ်ကြပါသည်ဟု ဆိုကြသည့် မိဘနှစ်ပါး နှင့်တကွ ဆွေမျိုးချင်းများသည်လည်း မိမိအနားတွင် အမြဲလာ ရောက် ပြုစုယုယပေးနိုင်သည် မဟုတ်ပေ။ မိမိ၏ ဘ၀ရှေ့ရေးအတွက်ကိုသာ အမြင့်ဆုံးနေရာသို့ ရောက်အောင် အားသစ်အင်သစ်၊ ဇွဲ၊ သတ္တိတို့ဖြင့် မိမိကိုယ်တိုင် ရုန်းကန်လျှောက်လှမ်း ရပါသည်။
ကျမ၏ ဘ၀ဖြစ်စဉ်မှာ ကျမ၏အမေသည် ကျမကို မွေးဖွားရန်အတွက် မီးနေခန်းထဲတွင် (၇ ရက်) တပတ် ကြာ ပြီးမှ ကျမကို မွေးဖွားခဲ့ပါသည်။ ကျမကို မွေးဖွားသောနေ့တွင် ကျမ၏ အဖေသည် အရက်တွေ အရမ်းမူးနေပါ သည်။ အဖေသည် သွေးအလွန် ဆိုးပါသည်။ အထူးသဖြင့် အဖေ အရက်မူးသည့် အခါတိုင်းတွင် အမေ့ဆီက ပိုက်ဆံတောင်းတတ်သည်။ အမေက ပိုက်ဆံမရှိဘူးဟု ဆိုပြန်လျှင်လည်း အဖေသည် အမေ့ကို ရန်ရှာတတ် သည်။ တနေ့ အဖေသည် အမေ့နားရွက်မှ နားကပ်ကို သွေးထွက်သည့် တိုင်အောင် ဆွဲဖြုတ်ပြီး ယူဆောင်သွား ပါတော့သည်။
အဖေသည် အပျော်အပါးလည်း လိုက်စားတတ်သည်။ တနေ့တွင် အမေက ကျမကို ချီပြီး အဖေ့ကို လိုက်ရှာ သောအခါ အဖေက မိန်းကလေးတယောက်နှင့် ပျော်ပါးနေသည်ကို တွေ့ရှိခဲ့ပါသည်။ ထိုအခါ အဖေနှင့်အမေ စကားများရင်း ရန်ဖြစ်ကြသည်။ နောက်ဆုံးမှာတော့ တယောက်နှင့်တယောက် ကျောခိုင်း ခွဲခွာခဲ့ကြသည်။ အဖေနှင့် အမေကွဲသွားပြီး နောက်ပိုင်းတွင် အမေသည် ဘာအလုပ်ကိုမှ ရှာဖွေပြီး မလုပ်တတ်တော့ မင်းသစ်ဦး ၏ အဖေဖြစ်သည့် ဦးလှအောင်နှင့် တွေ့ဆုံပြီး အိမ်ထောင်သစ် ထူထောင်ခဲ့ပါသည်။ ကျမသည် အမေ၏ ယောက်ျားကို `ဦး´ ဟုခေါ်ခဲ့သည်။
ဦးနှင့်အမေ လက်ထပ်ပြီးသည့်နောက်ပိုင်းတွင် ကျမအတွက်ကစားဖော် ကစားဘက်အဖြစ် မောင်လေး တ ယောက် ရရှိခဲ့ပါသည်။ မောင်လေး၏ အမည်မှာ မင်းသစ်ဦး ဖြစ်သည်။ မောင်လေး ကြီးပြင်းလာသောအခါ ကျမတို့ မိသားစုသည် ဘန့်မိုင်မှ မယ်တောင်သို့ ရွေ့ပြောင်းနေထိုင်ခဲ့ပါသည်။ မယ်တောင် သို့ရောက်သော အ ခါ ဦးသည် ပန်းရံ အလုပ်ကိုလုပ်ကိုင်ကာ အမေကလည်း အိမ်ဖော်အလုပ်လုပ်ပြီး ကျမတို့မောင်နှမ နှစ်ယောက် ကို ထိုင်းကျောင်းတွင် ကျောင်းထားပေးခဲ့ပါသည်။
ဦးသည် ကျမတို့ မိသားစုပေါ်တွင် အနစ်နာခံရာတွင် ပန်းရံအလုပ်မှ ပြုတ်သောအခါ မိသားစု စားဝတ်နေရေး အဆင်ပြေ စေရေး အတွက် သူတပါး မလုပ်ချင်သည့် အမှိုက်ကားလိုက်ရသည့် အလုပ်ကိုလုပ်ပြီး ကျမတို့ မိ သားစုကို ကျွေးမွေးစောင့်ရှောက် ခဲ့ပါသည်။ ဦးသည် ကျမ၏ အဖေအရင်းတယောက် မဟုတ်ပေမဲ့ ကျမတို့ အပေါ်တွင် မှဲ့တပေါက် မစွန်းထင်းအောင် အဖေအရင်းတယောက်ကဲ့သို့ ယနေ့ထိတိုင် ပြုစုစောင့်ရှောက်ခဲ့ ပါ သည်။
ဦးသည် အမှိုက်ကားအလုပ်ကို လုပ်ရသည့်အတွက်ကြောင့်လည်း ထိုင်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသား များက ကျမတို့ မောင်နှမနှစ်ယောက်ကို အမှိုက်ကားအိမ်မှာ နေပြီး အမှိုက်ကားက ရသည့် အကြွင်းအကျန် တွေကို ကောက်ယူပြီးစားသည်ဟု ကဲ့ရဲ့ပြောဆိုခြင်းကို ခံခဲ့ရပါသည်။ ကျမတို့မောင်နှမ နှစ်ယောက်ကို ကဲ့ရဲ့ ခြင်းကနေ လွတ်မြောက်ဖို့အတွက် ထိုင်းကျောင်းကနေထုတ်ပြီး SAW ကျောင်းတွင် ဆက်လက်ထားပေးခဲ့ပါ သည်။
ကျမတို့မောင်နှမ နှစ်ယောက်သည် SAW ကျောင်းသို့ ရောက်သောအခါ အရမ်းကို ၀မ်းသာပျော်ရွင်မိပါသည်။ အဘယ် ကြောင့်ဆိုသော် ကျောင်းရှိကျောင်းသား ကျောင်းသူများသည် ကျမတို့မောင်နှမ နှစ်ယောက်အပေါ် တွင် အဆင့်တန်းမခွဲခြားဘဲ ရင်းရင်းနှီးနှီး ဆက်ဆံပြောဆိုသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် SAW ကျောင်း တွင် မြန်မာဘာသာ တမျိုးတည်းကိုသာ သင်ရုံသာမက အခြားဘာသာရပ်များကိုလည်း သင်သောကြောင့်ဖြစ် သည်။ SAW ကျောင်းရှိ ဆရာ၊ ဆရာမများကလည်း စာသင်ကောင်းပြီး စိတ်နေသဘောထားလည်း ကောင်းကြ သည်။ ထို့ကြောင့် S A W ကျောင်းတွင် ပညာသင်ကြားခွင့်နှင့် ကျမ တတ်မြောက်ချင်သည့် ထိုင်းဘာသာကို သင်ကြားခွင့် ရရှိခဲ့သောကြောင့် အလွန့်ကို ၀မ်းသာမိပါသည်။
တတိယတန်းနှစ် နွေရာသီ ကျောင်းပိတ်ရက်တွင် ကျမသည် အပြင်လောကသို့ထွက်ပြီး အလုပ်လုပ် ခဲ့ရပါ သည်။ ကျမ လုပ်ခဲ့ရသည့်အလုပ်မှာ ကြံစိုက်လုပ်ငန်း ဖြစ်သည်။ ကြံစိုက်လုပ်ငန်းမှာ နေပူထဲတွင် ရပ်ပြီး ပေါက် တူးပေါက်ရသည်။ ကြံစည်းကိုလည်း ထမ်းရသည်။ ထိုအခါ ကျမ ပေါက်တူးကို ကောင်းကောင်း မပေါက်တတ် သည့်အတွက် လက်တွေမှာ ပေါက်ပြဲကုန်ပါတော့သည်။
ကြံစည်းကိုလည်း မနိုင့်တနိုင် ထမ်းရသည်။ ကြံစိုက်ရင်း ပင်ပန်းမှုတွေကို ကြုံတွေ့ရသလို ပျော်ရွှင်မှုတွေကို လည်း ကြုံတွေ့ခဲ့ရပါသည်။ တနေ့မှာ ကျမ ကြံစိုက်နေရင်း အမှတ်တရ အဖြစ်အပျက်တခုကို ရရှိခဲ့ဖူးပါ သည်။ ထိုနေ့ကစ ကျမသည် စပန့်ဘောင်းဘီရှည်ကို ကြံစိုက်လုပ်ငန်းထဲသို့ ၀တ်ဆင်သွားခဲ့ပါသည်။ ကြံစိုက်ရာတွင် မြောာင်းကိုခွပြီး ကြံကိုစိုက်ုထည့်ရသည်မို့ ကျမသည် မြောင်းကို အားရပါးရခွပြီး ကြံကို အားကုန်စိုက်သည့် အ ခါ ဘောင်ဘီဂွကို ထိုးမိသွားပြီး ဂွမ်းကနဲ ဘောင်းဘီဂွ ပြဲသွားပါတော့သည်။ အချိန်ကလည်း နေ့လည်မွန်းတည့် ထမင်းစားချိန် ဖြစ်နေသည်။ လူတွေက ကျမကို ၀ိုင်းလို့ကြည့်နေကြပါသည်။ ထိုအချိန်မှစပြီး ကျမ၏အမည်မှာ အလုပ်ခွင်ထဲတွင် မဂွပြဲ ဟု အမည်တွင်သွားပါတော့သည်။
စတုတ္တတန်းနှစ် နှင့် ပဉ္စမတန်းနှစ်တွေတုန်းက နွေရာသီကျောင်းပိတ်ရက်ကိုရောက်လျှင် ကျမသည် အိမ်စက်ရုံ ကလေး တရုံမှာ ၀င်ရောက် စက်ချုပ်ခဲ့ရသည်။ စက်ရုံအလုပ်ကို လုပ်ရတာမို့ (OT) ဆိုလျှင်လည်း ည ၁၀ နာရီ ၁၁ နာရီ ဆင်းရပြီး အထည်အရေးကြီးသည့်နေ့များဆိုလျှင် မိုးလင်းပေါက်ဆင်းရသည်။ ည (OT) ဆင်းချိန်တွင် လမ်းမပေါ်က နေအိမ်ကိုပြန်ရသောကြောင့် လမ်းသရဲတွေနှင့် တွေ့မှာကိုလည်း ကြောက်နေရပါသည်။ ကျမ အ ဖြစ်ချင်ဆုံး ဆန္ဒမှာ SAW ကျောင်းတွင် ကျမကျောင်းပြီးလျှင် SAW ကျောင်းရှိ မောင်ညီမလေးများကို ဆရာ၊ ဆရာမများကိုယ်စား စာပြန်သင်ပေးမည်ဟု စိတ်ကူးထားပါသော်လည်း ကျမ၏ ဆန္ဒတို့ မပြည့်ဝနိုင်တော့ပါ။
အဘယ်ကြောင့်ဆိုသော် ကျမတို့မိသားစု၏ စားဝတ်နေရေး အဆင်ပြေရေးအတွက် အမေက ကျမကို ကျောင်း ထုပ်ပြီး အပြင်လောကမှာ အလုပ်လုပ်ဖို့အတွက် ပဉ္စမတန်းနှစ်ကတည်းက ကျမကို ကြိုတင်ပြောထားပြီးသား ဖြစ်ပါသည်။
ထိုစဉ်က ကျမသည် အမေ့ကို အမေရယ် သမီးကို သမီးရဲ့ဘ၀ ပညာသင်ခွင့် နောက်ဆုံးနှစ်အဖြစ်နဲ့ သမီးကို ဒီ တနှစ်တော့ ကျောင်းဆက်ထားပေးပါနော် ဟု တောင်းဆိုခဲ့ပါသည်။ အမေသည် ကျမ၏ ဆန္ဒကို လိုက်လျော ပေးခဲ့ပါသည်။
ကျမလို ပညာသင်ချင်စိတ်ရှိနေရင်းနဲ့ ပညာကိုဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရတဲ့ အဖြစ်မျိုးနောင်လာမည့် မျိုးဆက်သစ် ညီ၊ ညီမလေးများကို လုံးဝ မဖြစ်စေချင်ပါ။ ကျောင်းတက်ခွင့်ကို ရခဲ့လျင် စာကိုကြိုးစားပြီး မိမိတို့ ဖြစ်ချင်သည့် ပညာတတ်ကြီးများဖြစ်အောင် ကြိုးစားကြစေချင်သည်။
ဘ၀၏အနွေးဓါတ်ဖြစ်သော၊ လူ့ဘ၀၏စာပေသင်ကြားခွင့်ကို ရရှိသူတိုင်းသည် လောကဓံ၏ ရိုက်ခတ်မှုကို ကြံ့ ကြံ့ခံရင်း မိမိဘ၀၏ ရည်မှန်းချက်တခုဖြစ်သည့် ပညာရေးပန်းတိုင်ဆီသို့ မရောက်ရောက်အောင် လျှောက်လှမ်း ကြိုးစားကြစေလိုပါသည်။
နွေဦးဝတ်မှုန်
ဆဌမတန်း
ဝတ်မှုန်လွင်ပြင် ... မှ
http://pollenplain.mmblogger.info/
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
0 comments:
Post a Comment