Friday 5 November 2010

လူသိနည်းနေသည့် ပေါက်တောမြို့နယ် မုန်တိုင်းဒဏ်ခံ ကျေးရွာများ

Arakan Review/Written on November 5, 2010 at 11:15 am by Moe Moe Kyaw
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြိုင်းတောင် ကျေးရွာအုပ်စုသည် ဖရုံကာကျွန်း အနောက်ဖက် ပင်လယ်ဝတွင် တည်ရှိသောကြောင့် မုန်တိုင်းဒဏ်ကို အများဆုံးခံရသည့်ကျေးရွာများ ဖြစ်သည်။ ၎င်းထဲတွင် ကြွီပြင်၊ ဘုတ်ပြင်၊ ကုလားသိမ်နှင့် အုန်းထောင်းရွာများသည် ပင်လယ်ဝ တည့်တည့်တွင် တည်ရှိ သောကြောင့် တစ်ရွာလုံးနီးပါး ပျက်စီး နိုင်ပါသည်။ အဓိက ရေလုပ်ငန်းကို အဓိက အသက်မွေး လုပ်ငန်း အဖြစ် လုပ်ကိုင် ကြသော ကျေးရွာများ ဖြစ်ပါသည်။

ပြိုင်းတောင်ရွာနှင့် ကုလားတဲရွာကို သွားရာ လမ်းတလျှောက်တွင် အိမ်ခြေ (၂၀ – ၃၀) ခန့် ရှိသော ရွာ (၆) ခြောက်ရွာ ရှိပါသည်။ ၎င်းရွာများသည် ဖရုံကာကျွန်း အနောက်ဖက် ကျသောကြောင့် မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံရနိုင်ပါသည်။ ကြွီပြင်သည် ဖရုံကာကျွန်းထိပ်တွင် တည်ရှိသော ရွာငယ်တခု ဖြစ်ပါသည်။ ဆံတော်ရှင် ဘုရား အနောက်ဘက် ခြေတော်ရာ သွားရာ လမ်းအဆုံးတွင် တည်ရှိသည်။ သောက်ရေကန်၊ သုံးရေ ကန်များကို ပင်လေရေများ သောက်ရေ သုံးရေပြသာနာကို ကောင်းစွာ ခံရနိုင်ပါသည်။ လတ်တလော သောက်သုံး ရေ ပြတ်လပ်ခြင်း၊ ဆန်နှင့် ဆား ပြတ်လပ် ခြင်းတို့ကို ကြုံတွေ့နေရသည်ဟု သိရပါသည်။

ကွီပြင်နှင့် အုန်းထောင်းသွားရာ သွားရာ လမ်းတလျှောက်တွင် တံငါရွာငယ် (၈) ရွာတည်ရှိပါသည်။ ၎င်းကျေးရွာများသည်လည်း မုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံစား ရနိုင်ပါသည်။ နိုင်ငံတကာ အဖွဲ့ အစည်းတခု၏ ခန့်မှန်းချက်အရ ပေါက်တောမြို့နယ် မုန်တိုင်းဒဏ်ကို (၈၅) ရာခိုင်နူန်း ခံရပြီး၊ မြေပုံမြို့နယ်သည် (၇၅) ရာခိုင်နူန်းနှင့် ကျောက်ဖြူ မြို့နယ်သည် (၅၂) ရာခိုင်နူန်း ခံစားခဲ့ရသည်ဟု သိရှိရပါသည်။

ပေါက်တောမြို့နယ်မှ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ကျေးရွာများမှာ -

အင်းဂရားချိုင်ကျွန်း

(၁) ဗျိုင်းသိုက်
(၂) ကျောက်မောင်း
(၃) ငရီချိုင်
(၄) သဲခွေ
(၅) ငမဲပြင်

ပြိုင်းတောင်အုပ်စု

(၆) ချိုင်ပြင်
(၇) ကုလားတဲ
(၈) ညောင်ပင်ချိုင်
(၉) ရေသင်းချောင်း
(၁၀) ကျူတောချိုင်
(၁၁) ကြွီပြင်
(၁၂) ဖောင်းခါး
(၁၃) ဘုတ်ပြင်
(၁၄) ပိုက်ဆိုက်တန်း
(၁၅) ကုလားသိမ်
(၁၆) အုန်းထောင်း
(၁၇) သဘုတ်ချိုင်
(၁၈) အမည်မသိရှိရသေးသည့် အိမ်ခြေ (၃၀ – ၄၀) ခန့် ကျေးရွာ (၈) ရွာခန့်။

မြေငူကျွန်းအုပ်စု

(၁၉) စောမဲကျီ
(၂၀) ကုလားသိမ်
(၂၁) ဇီးရွေမော်
(၂၂) ကံပြင်
(၂၃) ကွမ်းသီးဖက်
(၂၄) ငပြီတက်
(၂၅) ဆင်တက်မော်
(၂၆) ဆင်အိုင်
(၂၇) မြဒေး
(၂၈) ချီဝေ
(၂၉) ရပိုက်ချိုင်
(၃၀) ဆင်ပိုက်အုပ်စု
(၃၁) ပုဏ္ဏားကြီးအုပ်စု

0 comments: