Saturday 30 October 2010

ဘန်ကောက်မှာ နိုဝင်ဘာ ၈ ရက်နေ့ ဒီရေတက်မယ်လို့ သတိပေးထား

နေ့သစ်/Posted by admin on October 29th, 2010
နိုဝင်ဘာ ၈ ရက်နေ့ ဒီရေအမြင့်ဆုံးတက်တဲ့ အချိန်မှာ ဘန် ကောက်နဲ့ အနီးပတ်ဝန်းကျင် မှာ ရေတက်မယ့် အခြေအနေ ရှိတယ်လို့ ရေဘေးကယ်ဆယ်ရေးဌာနက တနေ့က သတိ ပေးလိုက်ပါတယ်။ အယုဒ္ဓယ၊ ဖထုမ်ထနီနဲ့နုံဘူရီမှာ ဆိုးဆိုးဝါးဝါး ရေလွှမ်းတဲ့ဒဏ် ခံနေ ရပါတယ်။
ရေဘေးဒဏ်ခံရတဲ့ပြည်သူတွေနဲ့ လယ်သမားတွေကို ထောက်ပံ့ဖို့အတွက် ရေကျပြီး နောက်မှာ အလုပ်အကိုင် စီမံကိန်းတွေ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဘတ်ဂျက် ထပ်တိုးရေးကို နိုဝင်ဘာ ၂ ရက်နေ့ ကက်ဘိနက်အစည်းအဝေးမှာ အလုပ်သမားဝန်ကြီး ဌာနက အဆိုပြုတင်သွင်းမှာ ဖြစ်ပါတယ်။ စီမံကိန်းမှာ ရေဘေးဒဏ်ခံရတဲ့လူတွေကို အ ပျက်အစီးတွေပြင်ဖို့၊ ဒါမှမဟုတ် တခြားအလုပ်တွေလုပ်ဖို့ ရက် ၂၀ ကြာ၊ တရက်ကို ဘတ် ၁၅၀ နဲ့ ထမင်းဖိုး ဘတ် ၃၀ ထပ် ဆောင်းပေးပါမယ်။ ရေလွှမ်းတဲ့ ပြည်နယ် ၁၆ ပြည်နယ်က အလုပ်သမား ၇၆,၃၄၀ ယောက်အတွက် လုပ်ငန်းပေါင်း ၁,၂၁၈ ခု နဲ့ ရေ ဘေးကြောင့် အပျက်အစီးဒဏ်မခံရတဲ့ အလုပ်သမား ၂၅,၆၇၀ ယောက်အတွက်လည်း လုပ်ငန်းပေါင်း ၃၇၅ ခု စီစဉ်ထားကြောင်း၊ ဒါပေမဲ့ အလုပ်သမားအများအပြား အလုပ်မ ဆင်းနိုင်ကြောင်း ၀န်ကြီးဌာနက အစီရင်ခံပါတယ်။

၂၇ ပြည်နယ်က လူပေါင်း ၃.၂ သန်းဟာ ရေဘေးဒဏ် ဆက်ခံနေရပြီး အယုဒ္ဓယ၊ ပထုမ် ထနီနဲ့ နုံထဘူရီတို့မှာ ဆိုးဆိုးဝါးဝါး ခံနေရတယ်၊ အများစုက ပင်လယ်ရေစီးဝင်လာလို့ ဖြစ်တယ်လို့ ၀န်ကြီးချုပ်ရဲ့ အကြံပေး အပီရာ့က်ကိုဆယိုဒင်း က ပြောပါတယ်။ တောင် ပိုင်းပြည်နယ်တွေမှာ မိုးသည်းသည်းထန်ထန်ရွာလို့ရေကြီးချိန်မှာ ဖိဆန်နူလော့နဲ့ဖိချစ်မှာ လည်း မိုးသည်းသည်းထန်ထန်းရွာမယ်လို့ သတိပေးထားပါတယ်။ အောက်တိုဘာလအ တွင်း လော့ဘူရီနခုံရတ်ချာ ဆီးမားမှာ နှစ် ၃၀ အတွင်း မိုးအကြီးမားဆုံး ရွာသွန်းတာဖြစ် ပြီး မိုးရေချိန် ၃၉၆.၆ မီလီမီတာနဲ့ ၃၉၀.၃ မီလီမီတာ အသီသီး ရှိပါတယ်။

ဖိဆန်နူလော့မှာ အိမ်ခြေ ၃,၁၁၃ လုံး၊ လယ်မြေ ၂၆၃၆၅၇ ရိုင်၊ ငါးကန် ၁,၁၇၁ ကန်နဲ့ လမ်းပေါင်း ၉၉ လမ်း ပျက်စီးပြီး မိသားစုပေါင်း ၁၇,၉၈၃ စု ရေဘေးဒဏ်ခံရပါတယ်။ ဖန်ငမှာလည်း မိုးအကြီးအကျယ်ရွာမယ်လို့ သတိပေးထားခဲ့ပြီး ဗုဒ္ဓဟူးနေ့ က ဖြစ်ခဲ့တဲ့ သစ်တောရေလွှမ်းတာကြောင့် အိမ် ၁၄၁ လုံး ပျက်စီးခဲ့ပြီး ထပ်ပု၊ တကွားထွန်နဲ့ ထိုင်းမူ အန်း ခရိုင်က ၅ မြို့နယ်မှာ နေအိမ် ၄၀၀ ထိခိုက်ပျက်စီးသွားတယ်လို့ ပြည်နယ်ကပ် ဘေးကြိုတင် တားဆီးရေး ရုံးက တနေ့က ပြောပါတယ်။

0 comments: