Tuesday 26 October 2010

မာန်အောင်တွင် ကားမှောက်၍ အမျိုးသမီး တစ်ဦး သေဆုံး

10/18/2010   /  စောသူဝင်း
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ကားတစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးတဦးသေဆုံးသွားကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ အမျိုးသမီးမှာ မာန်အောင်မြို့နယ် ဘုတ်မျက်တော ကျေးရွာမှ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်းသိရသည်။ သူမသည် ကားတိမ်းမှောက်စဉ် ကားပေါ်မှ ခုန်ဆင်းရာမှ တိမ်းမှောက် လာသော ကားပိမိကာ သေဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါ ကားတိမ်းမှောက်မူမှာ အောက်တိုဘာ ၁၆ ရက် ညနေ ၃ နာရီခန့်တွင် စွန်ပန်းချောင်း ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကားမှာ စွန်ပန်းချောင်း ကျေးရွာ အနီး ကုန်းအတက်တွင် စက်ရပ်သွားသဖြင့် ကုန်းအောက်သို့ လှိမ့်ကျ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောသည်။

အဆိုပါ ကားကို မောင်းသည့် ယာဉ်မောင်း ဦးတင်မောင်ရီကို ယခုအခါ ရဲစခန်းမှ ခေါ်ယူ ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။

သေဆုံးသူ အမျိုးသမီးကို ယမန်နေ့က သဂြိုလ်ခဲ့သည်။ ဒဏ်ရာ ပြင်းထန်သူ ၅ ဦးကို မာန်အောင်ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။(နိရဉ္စရာ )

0 comments: