Tuesday 26 October 2010

စစ်အစိုးရ သေဆုံးစာရင်း စတင် ထုတ်ပြန်

Monday,October25,2010ယနေ့ ည၈နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် မြေပုံမြို့နယ်၌ ၂၂ ဦးသေဆုံးခဲ့ပြီး၂၅ ဦးပျောက်ဆုံးနေဆဲ
ဖြစ်ကြောင်းနှင့် မင်းပြားမြို့နယ်တွင် ၅ ဦး သေဆုံးသည်ဟု ကြေညာသွားကြောင်း သိရှိရသည်။

၂၀၀၈ ခုနှစ် မေလဆန်းပိုင်းအတွင်း တိုက်သည့်နာဂစ်မုန်တိုင်းကြောင့် လူပေါင်း (၂) သန်း (၄) သိန်းခန့် မုန်တိုင်းဒဏ် ခံခဲ့ကြရပြီး သေဆုံးသူပေါင်း (၁) သိန်း (၄) သောင်းခန့်ရှိကာ စာသင်ကျောင်းပေါင်း (၄) ထောင်ခန့် ဆုံးရှုံးပျက်စီး ခဲ့ကြောင်း၊ လူပေါင်း (၁) သန်းကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံပေးခဲ့ရကြောင်း ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေး ဆောင်ရွက်ပေးခဲ့ကြသော အဖွဲ့အသီးသီး၏ ၀ဘ်ဆိုက် ဖော်ပြချက်များအရ သိရသည်။
ယခု ပဏာမ ဧရာဝတီက ရရှိထားသော သေဆုံး ၊ ပျောက်ဆုံး ၊ ပျက်စီးဆုံးရှုံးစာရင်းများနှင့် နှိုင်းယှဉ်လျှင် စစ်အစိုးရ ထုတ်ပြန်ချက်များသည် လွန်စွာနည်းပါးနေပါသေးသည်။
အနီးစပ်ဆုံးစာရင်းများ ရရှိနိုင်ရန် ဧရာဝတီက အားထုတ်လျက်ရှိပြီး ဆက်လတ်တင်ပြ ပေးသွားပါမည်။

0 comments: