Saturday 16 October 2010

မြောက်ဦးတွင် ရေထဲ မျောပါသွား၍ အမျိုးသမီး တဦးသေဆုံး

10/12/2010
Adjust font size:

------------
မောင်အေး
------------
ရခိုင်ပြည်နယ် မြောက်ဦးတွင် လွန်ခဲ့သည့် စနေနေ့က မိုးရွာပြီး ရေအလွန်ကြီးခဲ့သည့် အတွက် အမျိုးသမီးငယ် တဦးတံတားကျိုးပြီး ရေနှင့်မျောပါ သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ အမျိုးသမီးမှာ လွန်ခဲ့သည့် စနေနေ့ ညနေက အိမ်သာ သွားစဉ် ရေနှင့်အတူ မျောပါ သေဆုံး သွားခြင်းဖြစ်ကြောင်း ယမန်နေ့က မြောက်ဦးမှ စစ်တွေသို့ရောက်လာသည့် လူငယ်တဦးက ပြောသည်။

“စနေနေ့ညနေကပေါ့ သူမ နောက်ဖေးသွားတုန်း ရေကရုတ်တရက်တက်လာပြီး တံတားကျိုးပြီး ရေထဲ ပါသွားတယ် မနေ့ကညနေထိတော့ သူ့ကိုရှာမတွေ့သေးဘူး။”ဟုပြောသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သတ်ပြီး မြောက်ဦးမြို့ မီးသတ်ခွဆုံမှ အမျိုးသမီးတဦးကို မေးးကြည့်ရာ သူမက ယခုကဲ့သို့ပြောသည်။

“ဟုတ်တယ် သူကကြက်ဈေးတန်းက သူ့အလောင်းကို ဒီနေ့မနက်က နဂရာ ရွာနားကရတယ်။ သူ့ အမည် မိဘတွေကိုတော့မသိဘူး။ ဒီနေ့သဂြိုလ်မှာလား မနက်ဖန် သင်္ဂြိုလ်မှာတော့ မသိဘူး။”

ယခု သေဆုံးသွားသူမှာ အမျိုးသမီးမှာ အသက် ၂၂ နှစ်ဖြစ်ပြီး မြောက်ဦးမြို့ ကြက်ဈေး တန်းရပ်ကွက်မှ ဖြစ်သည်။

အဆိုပါ နေ့က မိုးအဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် မြောက်ဦးမြို့တွင် မိုးရေချိန်အမှတ် ၉ ဒသမ ၄၄ အထိရှိခဲ့သည်။

ယခုတိုင် မြောက်ဦးမြို့ အနီးရှိ လယ်ကွင်းများတွင် ရေပြည့်လျှံနေကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

လွန်ခဲ့သည့်စနေနေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုးများ အဆက်အပြတ် ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် စက်သား ကျေးရွာတွင်လည်း အမျိုးသားတဦး မိုးကြိုးထိမှန် သေဆုံး ခဲ့သည်။
(နိရဉ္စရာ)

0 comments: