Tuesday 26 October 2010

ဆိုင်ကလုန်း ဂီရိသင့် ဒုက္ခသည်များ ကူညီရန် နိုင်ငံတကာရောက် မြန်မာများက ပြင်ဆင

မိုးမခအထောက်တော် ၀၀၃ Tuesday, 26 October 2010
ဆက်လက်ပြီး ဂီရိလေဘေးသင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အလှူငွေ ကောက်ခံရန်အတွက် နီးစပ်ရာ မြန်မာများ၊ အမေရိကန်ပြည်သူများထံမှ
်အောက်တိုဘာ ၂၇၊ ၂၀၁၀
လွန်ခဲ့တဲ့ ရက်သတ္တပတ်၊ အောက်တိုဘာ ၂၂၊ ၂၃ မှာ မြန်မာပြည်၊ ရခိုင်ကမ်းရိုးတန်းဒေသကို ဆိုင်ကလုန်းဂီရိ ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ မြေပုံ၊ မင်းပြားနဲ့ ကျောက်ဖြူဒေသတွေမှာ ပျက်စီး ဆုံးရှုံးမှုများ၊ လူသေပျောက်မှု၊ ပျောက်ဆုံးမှုများနဲ့ ရင်ဆိုင်နေရပါတယ်။ အဲသည်အတွက် ပြည်ပရောက် မြန်မာမိသားစုများ၊ ရခိုင်တိုင်းရင်းသားများနဲ့ အသင်းအဖွဲ့တွေက စေတနာ့ဝန်ထမ်း ကိုယ်ထူကိုယ်ထ ကူညီစောင့်ရှောက်မှုများ၊ ကယ်ဆယ်ရေးရန်ပုံငွေများ စတင်ကောက်ခံပြီး လှူဒါန်းခြင်း၊ ဖြန့်ချိပေးခြင်းတို့ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် နိုင်ငံတကာရခိုင်အမျိုးသားအသင်း (အမေရိကန်) က အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အရေးပေါ်ကူညီမှုရန်ပုံငွေများ ကောက်ခံကြရန်၊ သတင်းထုတ်ပြန်ရန် ပြင်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိ အဆင်သင့်ရှိတဲ့ အမေရိကန်ဒေါ်လာ ၂၆၅၀.၀၀ ကို ရန်ကုန်အခြေစိုက် ရခိုင်သဟာရအသင်းကြီးထံ ဂီရိသင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအတွက် အောက်တိုဘာ ၂၄ နေ့စွဲနဲ့ လွှဲအပ်လိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

လိုက်လံကောက်ခံခြင်း၊ စာရင်းပြုစုခြင်းနှင့် မြန်မာပြည်သို့ အမြန်ဆုံး လိုအပ်သည့် နေရာဒေသနှင့် ဌာနများသို့ ပို့ဆောင်ခြင်းတို့ကို နိုင်ငံတကာရခိုင်အမျိုးသားအသင်းက တာဝန်ခံများသတ်မှတ်ပြီး စတင်နေပြီလို့ သိရပါတယ်။ ရန်ကုန်မြို့အခြေစိုက် ရခိုင်သဟာယအသင်းကြီးနဲ့ ဆက်သွယ်ပြီးတော့လည်း လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အခြား ဒေသခံများ၊ အသင်းအဖွဲ့များနဲ့လည်း ဆက်သွယ်ပြီး ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်။
အသင်းရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ကြေညာချက်ကို သည်နေရာမှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ဖတ်ရှုနိုင်ပါတယ်။
http://www.scribd.com/doc/40182150/WAO-Victims-for-GiRi-2010-Eng
http://www.scribd.com/doc/40182146/WAO-Victims-for-GiRi-2010
အလားတူပဲ စင်္ကာပူနိုင်ငံရောက် မြန်မာအမျိုးသားများနဲ့ ရခိုင်အသင်း (စင်္ကာပူ)ကလည်း Cyclone GIRI Relief Fund ကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
http://www.scribd.com/doc/40073442/Meeting-Minute-of-CGRF
ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့ကလည်း ရခိုင်ပြည် ဂီရိမုန်တိုင်း လေဘေးဒုက္ခသည်များ ကူညီထောက်ပံ့ရေးကော်မီတီကို ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေပြီ ဖြစ်တာကို တွေ့ရပါတယ်။
http://www.scribd.com/doc/40071820/%E1%82%8F%E1%82%88%E1%80%AD%E1%80%B8%E1%80%B1%E1%80%86%E1%80%AC%E1%80%B9%E1%80%9C%E1%82%8A%E1%80%AC-2
လက်ရှိ အင်တာနက်စာမျက်နှာများအနက် ဂီရိမုန်တိုင်းကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို အာရကန်ဗျူး စာမျက်နှာမှာ ကြည့်နိုင်ပါတယ်။
http://arakanreview.net

0 comments: