Sunday 24 October 2010

ထိုင်းမှာ ရေကြီးလို့ သေတာ ၂၅ ယောက်နဲ့ ၁.၂ သန်း ဒုက္ခရောက်

နေ့သစ်/October24th,2010
ရေဆက်ကြီးလို့ ပြည်နယ် ၃၀မှာပျက်စီးမှုတွေဖြစ်တာ အနည်း ဆုံး ၂၅ ယောက်သေပြီး ဒုက္ခ ရောက်တာ လူပေါင်း ၁.၂ သန်း လောက် ရှိနေပါပြီလို့ ကပ်ဘေးတားဆီးရေးဌာနက ပြောပါတယ်။ အဓိက သေတဲ့လူတွေက ရေနစ်လို့၊ ဓါတ်လိုက်လို့ သေတဲ့ သက် ကြီးရွယ် အိုတွေနဲ့ကလေးတွေ ဖြစ်ပါတယ်။

နခုံရတ်ချာဆီးမားနဲ့ဘူရီရမ်နယ်မှာ သေဆုံးသူ ၆ ယောက်စီရှိပြီး လော့ဘူရီ၊ ခုံခေးန်နဲ့ ကျန်ဒေသတွေမှာ တယောက်စီ သေဆုံးမှုတွေ ရှိပါတယ်။ နခုံရတ်ချာဆီးမားမှာ တ ယောက်ပျောက်တယ်လို့ ကပ်ဘေးတားဆီးရေးဌာနက ပြောပါတယ်။ ပြည်နယ် ၃၀ က ရွာပေါင်း ၉၀၀၀ ကျော် ရေလွှမ်းပြီး လူပေါင်း ၁.၂ သန်းလောက် ဒုက္ခရောက်နေပါ တယ်။ ၁၉၉၅ ခုနှစ်တုန်းက ရေတက်နှုန်းက တစက္ကန့်ကို ရေထု ၅၄၀၀ ကုဗမီတာနှုန်း ဖြစ်ပေမယ့် မြို့တော်က ဘေးကင်းပါတယ်။ ကျောက်ဖရား မြစ်ညာပိုင်းက ပြည်နယ်တွေ မှာ ရေ လွှမ်းနေပါတယ်။ အယုဒ္ဓယမှာ ၃ မီတာလောက်မြင့်တဲ့ သဲအိတ်အကာတွေ ကာ ထားတာတောင် ရေစီးကြမ်းလို့ မကာကွယ်နိုင်ပါဘူး။

0 comments: