Tuesday 26 October 2010

ရေနံပိုက်လိုင်း ပေါက်ကွဲမှု၊ မီးစွယ်ကျသွားပြီ

ကိုဝိုင်း | တနင်္လာနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၃၈ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေတိုက်နယ်ပိုင် ညောင်လှရွာအနီးရှိ ရေနံပိုက်လိုင်း ယမန်နေ့ညပိုင်းတွင် ပေါက်ကွဲမီးလောင်ခဲ့ရာ ယခုအခါ မီးစွယ်ကျသွားပြီဟု
မြစ်ခြေရဲ အဆိုအရ သိရသည်။သက်တမ်း ၁ဝ နှစ်ကျော်ရှိ ကျောက်ခွက်-အရာတော် ၁ဝ လက်မ ရေနံပိုက်လိုင်း ဂဟေဆက်မှ ယိုထွက်လာသော ရေနံစိမ်းများကို အနီးနားရှိ ရွာသားများ ခပ်ယူရာမှ ယမန်နေ့ ည ၇ နာရီခန့်တွင် ပိုက်လိုင်းပေါက်ကွဲခြင်း ဖြစ်သည်။

“ဖြစ်တဲ့နေရာကနေ ဘယ်မှလည်း ထပ်မကူးပါဘူး။ မီးက
fire-3as

ရေနံပိုက်လိုင်း ပေါက်ကွဲမီးလောင်သည့် မြင်ကွင်းအားတွေ့ရစဉ်
ဆီရဲ့ အနည်အနှစ်လို့ ပြောရမလား မသိဘူး။ မြေကြီးထဲဝင်တဲ့ အဆီအနှစ်တွေက ထပြီးတော့မှ ငြိမ်းလည်း မငြိမ်းနိုင်ဘူးလေ။ နည်းနည်းစီတော့ လောင်နေတာ။ အန္တရာယ်များလှအောင်တော့ မလောင်ဘူးပေါ့။ လုံးလုံးကြီးလည်း မငြိမ်းဘူး။ မြေထိုးစက်နဲ့တော့ မြေနဲ့ ဖို့နေတာပေါ့” ဟု အမည်မဖော်လိုသည့် မြစ်ခြေရဲစခန်းမှ ရဲတဦးက မဇ္ဈိမကို ပြောသည်။

ချောက်၊ ပခုက္ကူ၊ ကျွန်းချောင်း၊ မြစ်ခြေတို့မှ မီးသတ်ကား ၅-၆ စီးခန့် သွားရောက်ငြှိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။

ရေနံပိုက်လိုင်း မီးလောင်သဖြင့် ရေနံခပ်သူ ညောင်လှ၊ သိမ်တော်၊ ညောင်နီပင်၊ အိုင်ကြီး၊ ကန်ကြီးစု ရွာစဉ်မှ ရွာခံများ အနည်းဆုံး ၁၃ ဦး သေဆုံးကာ ဒဏ်ရာပြင်းထန်သူ ၁ဝဝ ဦးခန့်ရှိကြောင်း မြစ်ခြေရဲနှင့် နှင့် မြစ်ခြေဆေးရုံထံမှ စုံစမ်းသိရသည်။

“သံဆိုပေမယ့် ကြာတော့ နည်းနည်းဆွေးလာတာပေါ့။ ဒီနှစ် ချောင်းကလည်းကြီး၊ ကျောက်ကမ်းပါးတွေ ပြိုနဲ့။ အဲဒီ အပေါက်ကနေပြီး ယိုတာ။ အဲဒါ အလုအယက် ကျုံးရင်းကနေ မသိနားမလည်တဲ့ လူက ဆေးလိပ်ကြီးဖွာပြီးတော့မှ ရောက်သွားပုံရတယ်။ အဲဒါကနေ ထလောင်သွားတာပေါ့။ ၁၃ ယောက်လောက် သေတယ်။ အမှုတော့ မဖွင့်သေးဘူး” ဟု မြစ်ခြေရဲက မဇ္ဈိမကို ပြောသည်။

မြစ်ခြေဒေသခံတဦးကလည
fire-1ass

မီးခိုးတလူလူနှင့် ရေနံပိုက်လိုင်းပေါက်ကွဲမှု
်း “အဲဒီမှာတင် ၆ လောင်းလောက် တွေ့ခဲ့သေးတယ်။ လူနာတွေက အရေပြားတွေ လုံးလုံးလောင်ပြီး အဖြူကြီးတွေ ဖြစ်နေတာပေါ့။ တချို့ဆိုရင် ဆံပင်က နည်းနည်းပဲ ကျန်တော့တယ်။ ကလေးလူကြီး။ အမျိုးသားများတယ်။ အမျိုးသမီးလည်းပါတယ်” ဟု သူက ပြောသည်။ ဒဏ်ရာရရှိသူများကို မြစ်ခြေ၊ ကျွန်းချောင်းနှင့် ပခုက္ကူဆေးရုံများတွင် ကုသပေးနေသည်ဟု ဆိုသည်။

ကုတင် ၁၆ လုံးဆန့် မြစ်ခြေတိုက်နယ်ဆေးရုံမှ ဆေးဝန်ထမ်းတဦးကလည်း ဖြစ်ခါစတွင် လူနာ ၆၂ ဦး ရောက်လာပြီး ယင်းမှ အသည်းအသန်လူနာ ၄၇ ဦးကို ပခုက္ကူဆေးရုံသို့ ပို့ထားပြီးဖြစ်ကြောင်းနှင့် မြစ်ခြေဆေးရုံ၌ အမျိုးသားတဦး၊ အမျိုးသမီးတဦး သေဆုံးသွားကြောင်း မဇ္ဈိမကို ပြောသည်။

မီးလောင်မှုနှင့် ဒဏ်ရာရရှိသူများ အခြေအနေကို ထပ်မံသိရှိနိုင်ရန် ပခုက္ကူမီးသတ်နှင့် ပခုက္ကူဆေးရုံသို့ မဇ္ဈိမက ဆက်သွယ်သော်လည်း မရပါ။

ရေနံစိမ်းဈေး တဂါလန်ကို ၂၅ဝဝ ကျပ်ခန့်ရှိသဖြင့် သွားရောက်ခပ်ယူကြခြင်းဖြစ်ပြီး ယခုကိစ္စ မတိုင်မီ ၁ဝ ရက်ခန့်ကလည်း ဓာတ်မြေသြဇာစက်ရုံဝန်ထမ်း အများစုနေသည့် ကျွန်းချောင်းတွင် ရေနံပိုက်လိုင်း ပေါက်ခဲ့သေးသော်လည်း မီးလောင်မှု မဖြစ်ခဲ့ဟု ဒေသခံတဦးက ပြောသည်။

မြစ်ခြေနှင့် မိုင် ၃ဝ ခန့်ဝေးသည့် ကျောက်ခွက်ရွာတွင် ပြီးခဲ့သည့် ၁ဝ နှစ်ကျော် စစ်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် လက်ထက်က ဒေသခံများသည် တရုတ်အင်ဂျင်နှင့် ကားကရောင်းများကို အသုံးပြုကာ ရေနံတူးဖော်ရာမှ အောင်သဖြင့် အစိုးရရေနံမြေအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ယင်းပိုက်လိုင်း တည်ဆောက်ပြီးသည်မှ ယနေ့အထိ ၁ဝ နှစ်ကျော်ကာလအတွင်း ပိုက်လိုင်း ခိုင်ခန့်မှုကို လာရောက်စစ်ဆေးမှု တကြိမ်မျှ မရှိခဲ့ကြောင်း အဆိုပါ ဒေသခံထံမှ သိရသည်။

0 comments: