Wednesday 20 October 2010

ဘူးသီးတောင်မီး ကလေး ၂ ဦး သေဆုံး

9/24/2010
-------------
တာကလူး
-------------
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယမန်နေ့ ညသန်းခေါင် ၁း၀၀ နာရီကျော် အချိန်တွင် မီးလောင်မှု ဖြစ်ပွားရာ ကလေးနှစ်ဦး မီးထဲပါ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ဘူးသီးတောင် မြို့ခံ တစ်ဦးက “ မီးလောင်တာက အမှတ် (၂) ရပ်ကွက် မူဆလင်တွေ နေတဲ့ အစုမှာ ဖြစ်ပါတယ်။ အိမ် (၂)ဆောင် မီးကျွမ်းသွားပြီးတော့ ၁၀ နှစ် အရွယ် ယောက်ျားလေး တစ်ယောက်နဲ့ ၁၂ အရွယ် မိန်းကလေး တစ်ယောက် မီးထဲ ပါသွားခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ အိမ်များမှာ ၀ါးထရံကာ သွပ်မိုးအိမ်များ ဖြစ်ကြပြီး ညအိပ်နေစဉ် အိမ်တွင် ထွန်းညှိထားသည့် ဆီမီးခွက်မှ စတင် လောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်က ဒေသခံရဲများနှင့် မီးသတ်တပ်ဖွဲ့များမှ အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။

မည်သည့် အိမ်မှ မီးစလောင်ပြီး သေဆုံးသွားသည့် ကလေးငယ်များမှာ မည်သူ မည်ဝါ ဖြစ်သည်ကို အသေးစိတ်များကို မသိရှိရသေးကြောင်း သူက ပြောသည်။
(နိရဉ္စရာ )

0 comments: