Sunday 3 October 2010

လုပ်ခမပေးချင် တာကြောင့် အလုပ်ရှင်က ရိုက်နှက်

VOA
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က DT အထည်ချုပ်စက်ရုံမှာ အလုပ်သမားတဦးကို လုပ်ခမပေးချင် တာကြောင့် အလုပ်ရှင်က အကြောင်းရှာပြီး အိမ်တံခါးပိတ် ရိုက်နှက်တဲ့အတွက် အလုပ်သမားတဦး ဆေးရုံပို့ကုသရပြီး အလုပ်သမား ၂၆ ယောက် အလုပ်ထွက်ခဲ့ရပါ
တယ်။

အလုပ်ရှင် ၂ ဦး ဖက်စပ်ထားတဲ့ ဒိတီ အထည်ချုပ်စက်ရုံဟာ လူ ၅၀ ကျော်သာရှိတဲ့ စက်ရုံသာ ဖြစ်ပါ တယ် အလုပ်သမားတွေအနေနဲ့ လုပ်ခတောင်းတဲ့အခါတိုင်း အကြောင်းရှာပြီး ဖမ်းဆီးတာ ရိုက်နှက်တာ တွေကို အရင်ကလည်း လုပ်ခဲ့ဖူးပါတယ်။

၃ ရက်နေ့ မနက်ပိုင်းမှာတော့ အလုပ်ရှင်တဦးကထုတ်ပစ်ထာပြီး အလုပ်ရှင်နောက်တဦးက အလုပ်ပြန် ဆင်းခိုင်းဖို့ ပြောတာကြောင့် မြန်မာအလုပ်သမားတဦးဖြစ်တဲ့ကို မင်းသူ ဟာ ညဘက်အလုပ်ကို ပြန် လုပ်ခဲ့ပါတယ်။

ဒီနောက်မှာတော့ အလုပ်ရှုင်တဦးက လုပ်အားခကိုမပေးလိုတာကြောင့် ၂ ရက်နေ့ည သန်ခေါင်း ၃ ရက် နေ့ မနက်စောစောပိုင်းမှာပဲ အိမ်တံခါးပိတ်ပြီးရိုက်နေတာကြောင့် အလုပ်သမားများကြားပြီး ကိုမင်းသူ ကို သွားရောက်ကူညီခဲ့ရပါတယ်။

အလုပ်သမားရေးလုပ်နေတဲ့ ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့ကို အကြောင်းကြားတာကြောင့် အလုပ်သ မားအဖွဲ့က ရဲစခန်းကိုအကြောင်းကြားကာ အလုပ်သမားကို ပြန်ထုတ်ပေးဖို့ပြောခဲ့ပြီး ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။

အလုပ်ရှင်က အရင်တုန်းကလည်းလုပ်ခမပေးချင်တဲ့အတွက် အလုပ်သမားတဦးကို သူခိုးလို စွတ်စွဲရိုက် နှက်ပြီး အလုပ်ထုတ်ပစ်ခဲ့ကြောင်းကိုလည်း စက်ရုံကအလုပ်သမားတွေက ပြောပြပါတယ်။

အလုပ်သမားတွေအနေနဲ့ ဒီအလုပ်ရှင်နဲ့ ဆက်လက်အလုပ်လုပ်ကိုင်လိုတဲ့ ဆန္ဒမရှိတာကြောင့် အလုပ် သမား ၂၆ ဦးဟာ အလုပ်ထွက်ခဲ့ကြပြီး သူတိုရဲ့ နစ်နာကြေးတွေအတွက် မြန်မာနဲ့ ထိုင်းအလုပ်သမား အရေးလုပ်နေတဲ့အဖွဲ့တွေကို အကူအညီတောင်းခဲ့ပါတယ်။

အလာတူပဲ လုပ်အားခ ရှင်းတဲ့အခါတိုင်း လုပ်အားခမပေးချင်တဲ့ပြသနာတွေကြောင့် အလုပ်သမားတွေ ကို လူအခွင်ရေးချိုးဖောက်မှုတွေက နေရာတိုင်းမှာ ဖြစ်ပေါ်နေပါတယ်။

ထိုင်းနိုင်ငံမှာ ရွေပြောင်းအလုပ်သမား ၂ သန်းကျော်ရှိတယ်လို့အစိုးရ ရဲထုတ်ပြန်တဲ့ စာရင်းအရသိရှိရ ပြီး တရားမ၀င် အလုပ်လုက်ကိုင်နေသူတွေကလည်း အများအပြား ရှိနေပါတယ်။

မြန်မာနိုင်ငံမှာအလုပ်အကိုင်ရှားပါးတာကြောင့် ထိုင်းနယ်စပ်ကိုနေတိုင်းနီးပါး အလုပ်အ ကိုင်ရှာဖွေသူ တွေလည်း များပြားလာပြီး အခုလိုဖြစ်ရပ်မျိုးတွေလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်။
...

0 comments: