Monday 27 September 2010

မဲဆောက်မြို့ ဘန့်နူရာအရပ်တွင် ကားတိုက်မှုဖြစ်၍ မြန်မာအမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံး

၂၇.၉.၂၀၁၀
မဲဆောက်မြို့ ဘန်နူရာရပ်ကွက်မှာ ၂၆ ရက်နေ့ညက ယာဉ်တိုက်မှုတခုဖြစ်ခဲ့ပြီး ထိုယာဉ်တိုက်မှုမှာ မြန် မာရွှေပြောင်း အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ မစိုးစိုးမော် အသက် (၃၃) နှစ်ဟာ သမီးဖြစ်သူနဲ့အတူ ၂၆ ရက်နေ့ည ၈း ၀၀ နာရီ လောက်မှာ သမီးဖြစ်သူနှင့် ဈေးထွက်ဝင်ရင်း ရုတ်တရက် ကားတစီးကဝင်တိုက်သွားရာ မစိုးစိုးမော်မှာ ထိုနေရာတွင် သေဆုံးသွားခဲ့ပါတယ်၊ သူနဲ့အတူပါလာတဲ့ သမီးဖြစ်သူလည်း ဒဏ်ရာအနည်းငယ် ရရှိ ခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီး မိနစ်အနည်းငယ်ခန့် အကြာမှာ ထိုင်းရဲများက လာရောက်စစ်ဆေးမှုများ ပြုလုပ် ခဲ့ပါတယ်။ ဝင်တိုက်သွားတဲ့ကားမှာ 4 Wheel ခဲပြာရောင်ဖြစ်တယ်လို့ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူမှ ပြောပြပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို မဲဆောက်ဆေးရုံ ရေခဲတိုက်မှာထားရှိပြီး သက်ဆိုင် ရာသို့ တိုင်တန်းလျက်ရှိကြောင်း သိရပါတယ်။

ဒဏ်ရာရရှိသွားတဲ့ သမီးဖြစ်သူဟာ မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမူခံယူလျက်ရှိပြီး။ သေဆုံး သွားသူအတွက် အသုဘ ကိစ္စကိုတော့ မဲဆောက်နာရေးမှ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

0 comments: