Monday 28 June 2010

ကုန်သွားထမ်းတဲ့ ကလေး စစ်တပ်ထဲရောက်

နေ့သစ်၊ Monday, June 28, 2010
မိသားစုစားဝတ်နေရေးအတွက် သီရိမင်္ဂလာဈေးမှာ အလုပ်သွားရောက်လုပ်ကိုင်တဲ့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်က မောင်ရဲလင်းအောင်ဟာ ယနေ့ထိ အိမ်ကိုပြန်ရောက်ခြင်းမရှိတော့ဘဲ ပျောက် ခြင်းမလှပျောက်သွားခဲ့ပါတယ်။ မိဘတွေ လိုက်လံရှာဖွေစုံစမ်းတော့မှ စစ်တပ်ထဲ ရောက်နေတယ်ဆို တာ သိခဲ့ရပါတယ်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် စန္ဒီကျေးရွာနေ အဘ ဦးတင်ရွှေ အမိ ဒေါ်အေး တို့ရဲ့သား မောင် ရဲလင်းအောင်ဟာ ၁၉၉၂ ဖေဖော်ဝါရီလ ၅ ရက်နေ့က သီရိမင်္ဂလာဈေးမှာအလုပ်သွားလုပ်ဖို့ အိမ်က နေထွက်သွားပါတယ်။ မသွားခင် နောက် ၁၀ ရက်လောက်ကြာတဲ့အခါ လုပ်အားခငွေ လိုက်ယူဖို့မှာခဲ့ ပါတယ်။ ဖခင်ဖြစ်သူဟာ ၁၀ ရက်ခန့်ကြာတဲ့အခါ မှာထားတဲ့အတိုင်း လိုက်သွားတော့ မောင်ရဲလင်း အောင်ကို ရှာလို့မတွေ့တော့ပါဘူး။

သားဖြစ်သူ ပျောက်နေတဲ့အတွက် သီရိမင်္ဂလားဈေးမှာ နေ့ရောညပါ လိုက်လံရှာဖွေခဲ့ပါတယ်။ ဈေးအ တွင်းက မောင်ရဲလင်းအောင် ရဲ့ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတဦး ပြောပြတာက သီရိမင်္ဂလာဈေးမှာ အ လုပ်လုပ်နေတဲ့ ကလေးတွေကို စစ်တပ်ထဲသွင်းဖို့ ကားနဲ့ မကြာခဏလာခေါ်တတ်ကြောင်း အဲဒီကားနဲ့ မောင်ရဲလင်းအောင် ပါသွားတာ သူမြင်လိုက်တယ်လို့ ပြောပြပါတယ်။

မိဘဖြစ်သူများမှာ အရမ်းစိတ်ပူပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စစ်သားစုဆောင်းရေးတွေ၊ လေ့ကျင့်ရေး ကျောင်းတွေ၊ စစ်တပ်တွေကို လိုက်လံစုံစမ်းခဲ့ပေမဲ့ သားဖြစ်သူကိုမတွေ့ရှိရဘဲ ၎င်းတို့ရဲ့ ကြိမ်းမောင်း မန်မဲခြင်းကိုသာ ခံခဲ့ရပါတယ်။ ယခုချိန်ထိ မောင်ရဲလင်းအောင် ဟာ ဘယ်တပ် ဘယ်စခန်းမှာ ရောက် နေတယ်ဆိုတာကို ခုထိ မသိရှိရသေးပါ။

မောင်ရဲလင်းအောင် ရဲ့ ဖခင်ဖြစ်သူ ဦးတင်ရွှေ က စစ်တပ်ထဲရောက်သွားတဲ့ သားဖြစ်သူကိုပြန်ခေါ်ရေး အတွက် လမ်းပြကြယ်အဖွဲ့မှ တဆင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ကို ၂၀၀၉ ခုနှစ် စက် တင်ဘာလ ၁၀ ရက်နေ့က တိုင်ကြားခဲ့ပါတယ်။

မြန်မာပြည်မှာ အသက် ၁၈ နှစ် မပြည့်သေးသူတွေကို စစ်သားအဖြစ် စုဆောင်းရာမှာ မိဘအုပ်ထိန်း သူများ လိုက်လံရှာဖွေစုံစမ်းရ ခက် ခဲ့အောင် ရပ်ဝေးတွေကို ပို့တယ်၊ ပြီးတော့ ကလေးရဲ့ အမည်ရင်းနဲ့ မိဘအမည်တွေကို ပြောင်းပစ်တယ် စတဲ့နည်းတွေကို ကျင့်သုံးခဲ့ကြတယ်။ ယခုနှစ် ဇွန်လ ၁၀ ရက်နေ့ က ကလေးစစ်သားအဖြစ်မှ ပြန်လည်လွတ်မြောက်လာတဲ့ မောင်ဝေယံကျော် ရဲ့ မိဘတွေ ပြောပြချက် အရ သူတို့ ကလေးအမည်ရင်းနဲ့ မိဘအမည်ကိုပြောင်းထားတဲ့အတွက် ကလေးကိုရှာဖွေရတာ အခက် အခဲဖြစ်ပြီး အချိန်အတော်အတန် ကြာသွားခဲ့တယ်လို့ ပြောပြသွားပါတယ်။
...

0 comments: