Wednesday 3 March 2010

နေရပ်စွန့်ခွာပြီး မွန်ပြည်သစ်ဒေသသို့ပြောင်းရွေ့ဝင်ရောက်

ကောင်းဝါ၊ မင်းထက်အောင်၊ မတ်လ၄၊၂၀၁၀။
မွန်ပြည်နယ်နှင့် ထိစပ်နေသော တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တဝိုက်တွင် မြန်မာစစ်အစိုးရ တပ်ဖွဲ့၏ ဒဏ်ကိုမခံနိုင်ကြသဖြင့် နေရပ်မှစွန့်ခွာပြီး ထိုင်းနယ်စပ်အနီးရှိ မွန်ပြည်သစ်ပါတီထိမ်းချုပ်ရာ ဒေသသို့ ပြောင်းရွေ့ဝင်ရောက်လာသူ ယခုရက်ပိုင်းအတွင်း၌ ပိုမိုများပြားလာကြောင်း မွန်ပြည်သစ်အရာရှိတဦး ပြောကြားခဲ့သည်။

“မိသားစုအလိုက် ပြောင်းလာကြတာ ဒီရက်ပိုင်းတွေအတွင်းမှာ လူတရာကျော်လောက်ရှိတယ်၊ နောက် ထပ်လဲ ရောက်လာဖို့ရှိဦးမယ်” ဟု ဆက်လက်ပြောကြားပါသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်သည် ရေး-ထားဝယ်ကားလမ်းမကြီး အရှေ့ဖက် (၁၀) မိုင်ခန့် အကွာ ရေဖြူမြို့နယ်တွင်တည်ရှိသည်။ အဆိုပါရွာသားများသည် မြန်မာစစ်တပ်များ မလာရောက်နိုင် သော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ထိမ်းချုပ်ရာဒေသတွင် စုဖွဲ့ပြီးရွာသစ်များတည်၍ နေထိုင်လျှက်ရှိသည်။

မကြာသေးခင်ကာလက ရေး-ထားဝယ်ကားလမ်းပေါ်ရှိ အလယ်စခန်းကျေးရွာတွင် အခြေပြုလှုပ်ရှားနေ သည့် ခမရ ၂၈၂ တပ်ရင်းမှ ဗိုလ်ကြီးတိုးအောင် ဦးစီးတပ်ဖွဲ့သည် ရွာသားများထံမှ ငွေကြေးကောက်ခံ ခြင်း၊ သူပုန်နှင့်အဆက်အသွယ်ရှိသူဟု စွပ်စွဲကာရွာသားများအား ရိုက်နှက်ခြင်းများ ပြုလုပ်လျှက်ရှိ သည်ဟု သိရသည်။

အခြားတစ်ဖက်တွင်လည်း ယင်းဒေသတဝိုက်တွင် မြန်မာစစ်အစိုးရကိုတိုက်ခိုက်လျှက်ရှိသည့် မွန်အမျိုး သား ကာကွယ်ရေးတပ်မတော် MNDA ဗိုလ်မှူးဂျလွန်းထော ဦးစီးသောတပ်ရင်း (၃၅၁) နှင့် နိုင်ဗင်းဦးစီး သော တပ်ရင်း (၃၅၃) တို့ ပြောက်ကြားစစ်ဆင်လျှက်ရှိသည်ဟု ထိုင်းအခြေစိုက် ၎င်းတို့၏ပြောခွင့်ရ ပုဂ္ဂိုလ်က ကောင်းဝါသို့ ပြောကြားခဲ့သည်။

နအဖတပ်ဖွဲ့အရာရှိ ဗိုလ်ကြီးတိုးအောင်အတွက် အလယ်စခန်းရွာသားများ ငွေအချိုးကျထည့်၍ မကြာမီ ရက်ပိုင်းတွင် မော်တော်ဆိုင်ကယ်တစီး ဝယ်ပေးခဲ့ရကြောင်း ထိုဒေသအနီးတဝိုက်တွင် ပြောက်ကျား လှုပ်ရှားနေသည့် မွန်အမျိုးသားကာကွယ်ရေးတပ်မတော် MNDA အရာရှိတဦးက Satellite Phone ဖြင့် ကောင်းဝါသို့ သတင်းပေးပို့ခဲ့သည်။

အခြားဖြစ်ရပ်တစ်ခုမှာ ပြီးခဲ့သည့်ရက်သတ္တပတ်၌ အလယ်စခန်းရွာရှိ နေအိမ်တခုတွင် ၎င်းဗိုလ်ကြီး တိုးအောင် ညပိုင်းတွင်ဖဲရိုက်နေစဉ် လျှပ်စစ်မီးပြတ်တောက်သွားသဖြင့် မီးစက်ပိုင်ရှင်ကို ချက်ချင်းခေါ် ဆိုကာ ရိုက်နှက်ခဲ့သည်ဟုလည်း MNDA အရာရှိက ပြောကြားပါသည်။
မြန်မာတပ်ဖွဲ့သည် အနီးတဝိုက်ကျေးရွာကာကွယ်ရေးအတွက် မြန်မာစစ်တပ်မှ ကျေးရွာပြည်သူ့စစ် အ တင်းအကြပ် ဖွဲ့စည်းစေသည်။ သို့သော်လည်း မလုပ်လိုကြသဖြင့် အခြားဒေသသို့ ပြောင်းရွေ့ထွက်ခွာ သွားကြသည်ကိုလည်း ဒေသခံများမှတဆင့် ကြားသိနေရ၏။

Photo by:
http://www.ob.org/_programs/disaster/news/2009/dr_2009_0903_refugees_flee_Burma.asp

...

0 comments: