Saturday 20 March 2010

သားပျောက်၍ မိဘမှာ သောကရောက်

DVB ၁၈ မတ် ၂၀၁၀
ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်မြို့နယ်က ကလေးတဦး ပြီး ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပျောက်ဆုံးသွားပြီး မိဘတွေက သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားခဲ့သလို လိုက်လံရှာဖွေပေမယ့် အခုချိန်ထိ မတွေ့သေးတဲ့အတွက် စိတ်သောက ရောက်နေရ ပါတယ်။
ပျောက်ဆုံးသွားတဲ့ ကလေးက ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၃၃ ရပ် ကွက်မှာနေထိုင်တဲ့ ဆဋ္ဌမတန်းကျောင်းသား မောင်လွင်မျိုး ဖြစ်ပြီး ကျောင်းသွားရင်း ဖေဖော်ဝါရီ ၈ ရက်နေ့က ပျောက်ဆုံးတာလို့ မောင်လွင်မျိုးရဲ့ဖခင် ဦးထွန်းဦးက ပြောပါတယ်။ မောင်လွင်မျိုးဟာ အသက် ၁၂ ကျော်ပဲ ရှိသေးတယ်။ အတန်းတင် စာမေးပွဲကိုလည်း မဖြေလဲ့ဘူးလို့ ဦးထွန်းဦးက ပြောပါတယ်။
ပျောက်ဆုံးသွားတဲ့သားကို ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ကလေးထိန်းသိန်းရေး စခန်းတွေမှာ လိုက်လံ ရှာဖွေပေမယ့် အ၀မှာသာမေးပြီး ပြန်လာခဲ့ရတာကြောင့် အခုချိန်ထိ သားကို ရှာမတွေ့သေးဘူး လို့ ဦးထွန်းဦးက ပြောပါတယ်။
“ကနော့်သားက အိမ်ကိုပြန်မလာတော့ ကျနော်တို့လည်း လိုက်ရှာတယ်။ သူ့ သူငယ်ချင်း အပေါင်းအသင်းတွေကိုလည်း လိုက်စုံစမ်းတယ်ပေါ့။ စုံဟမ်းတော့လည်း ဘယ်မှလဲ ရှာမတွေ့ဘူး။ လု ငယ်သင်တန်းကျောင်းတွေလည်း ကျနော် သွားရှာတယ်။ နောက် စည်ပင်သာယာ ရဲတပ်ဖွဲ့ကိုလည်း ကျနော်တို့ ဟံသာဝတီအ၀ိုင်း အဲဒီမှာလည်း ကျနော် သွားရှာတယ်။ နောက် ချော်တွင်းကုန်း လုငယ် သင်တန်းကျောင်းမှာလည်း ကျနော် သွားရှာတယ်၊ နောက်ပြီးတော့ သီရိမင်္ဂလာဈေးတို့လို ကလေး အလေအလွင့်တွေ အိမ်ပြေးကလေးတွေ ရှိတတ်တဲ့ နေရာတွေလည်း ကျနော် လိုက်ရှာတယ်။
“ဘယ်နေရာမှ ကျနော်မတွေ့ဘူး။ စုံနေပြီပေါ့လေ၊ ကျနော့် ထင်မြင်ချက်နဲ့ ပတ်ဝန်းကျင်က လူ တွေပြောတဲ့ စကားအရ စစ်တပ်ထဲမှာပဲ ရှိနိုင်တယ်ပေါ့။ ကလေးက ဘယ်မှလဲ သွားတတ်တဲ့ လာတတ်တဲ့ ကလေးလည်းမဟုတ်ဘူး။ မိဘနဲ့ အတူပဲ သွားလာ တယောက်တည်းလည်း မသွားဘူးတဲ့ ကလေး ဖြစ်နေတယ်။
“သူ့အမေဆိုလည်း တော်တော် ခံစားရတယ်ပေါ့လေ၊ မအေဆိုတာလည်း အရူးတပိုင်း ဖြစ်နေ တာပေါ့၊ ကျနော်လည်း အခုထိပေါ့လေ အရူးတပိုင်းပါပဲ၊ ကျနော်တို့မှာ ဘာလုပ်လုပ် သားနဲ့ပတ်သက်တဲ့ အိမ်မှာ အသုံးအဆောင်၊ သူကိုင်တဲ့ ပစ္စည်းလေးတွေ အကုန်လုံးကို ကျနော်တို့ အုပ်ထားရတယ်။ ကျနော်တို့ မကြည့်နိုင်ဘူး။ နေ့ရှိသ၍ မအေလုပ်တဲ့သူက တငိုငို၊ ကျနော်က ယောက်ျားဖြစ်ပေမယ့် စိတ် တော့ တက်နိုင်သလောက် ထိန်းတာပေါ့လေ။
“ကျနော် ရဲစခန်းတိုင်ထားတာလည်း ဘာမှ ထူးခြားချက် မရှိဘူး။ သူတို့ဘာမှလည်း လုပ်မ ပေးဘူး။ အဲဒါ ကျနော့်အနေနဲ့ ကျနော့်သားပျောက်တာကို ဘယ်လို ကူညီနိုင်မလဲဆိုတဲ့ အကူညီမျိုးကို ကူညီပေးနိုင်မယ့် အဖွဲ့အစည်းမျိုးကိုပဲ ကျနော် အားကိုးပြီး လိုက်ပြီး အကုအညီ တောင်းနေတာ။
မောင်လွင်မျိုးပျောက်ဆုံးတာနဲ့ ပတ်သက်လို့ တတ်နိုင်သလောက် ကိုယ်တိုင် လိုက်လံ စုံစမ်း မရတဲ့အဆုံး ကလေးစစ်သားအရေး ကူညီဆောင်ရွက် ပေးနေတဲ့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကို အကူအညီတောင်းပြီး မနေ့က အိုင်အယ်လ်အို ရန်ကုန်ရုံးခွဲဆီ တိုင်ကြားထားတယ်လို့ ဦး ထွန်းဦးက ပြောပါတယ်။
...

0 comments: