Saturday 20 March 2010

စစ်တပ်မှ ခင်ပွန်းသည်အားသတ်ဖြတ်၊ ရင်သွေးငယ်မှာ ပြေးလွှားရင်းသေဆုံး

KT (၂) မတ်လ၁၉၊၂၀၁၀
ကရင်နီပြည် ရှားတော့မြို့နယ် လဲဒူခေါကျေးရွာသားများသည် စစ်အစိုးရ၏ ညှင်းပန်းနှိပ်စက် သတ် ဖြတ်မှုဒဏ်မှ လွတ်မြောက်ရန် တောတွင်းထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ထွက်ပြေးနေသည့် အတော အတွင်း ခရီးကြမ်းတန်းမှုဒဏ်ကြောင့် မွေးကင်းစကလေးငယ်တဦး အသက်ဆုံးရှုံးသွားခဲ့ရသည်။

အိမ်ခြေ ၂၀ ကျော်ရှိသော လဲဒူခေါကျေးရွာအတွင်းသို့ စစ်တပ်မှ မကြာခဏ၀င်ရောက်ပြီး ရွာသားများ အား သူပုန်ထောက်ခံမှုဖြင့် စွပ်စွဲကာ နှိပ်စက်သတ်ဖြတ်သောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်ကြရသည်။

“ကျမယောက်ျားက အရင်နှစ်က ဗမာစစ်သားတွေက သူ့နဲ့ တခြားရွာသားတွေနဲ့အတူ အသတ်ခံလိုက် ရတယ်။ အဲမှာဆက်နေရင် အလုပ်မလုပ်နိုင်တော့လို့ ဒီဖက်ကို ထွက်ပြေးလာဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ ပြေး လွှားလာရင်းနဲ့ ဒီကိုမရောက်ခင်မှာ ကျမရဲ့ မွေးခါစ ၂ လအရွယ်ခလေး ဆုံးရှုံးလိုက်ရတယ်။” ဟု ရင်သွေး ငယ်ဆုံးရှုံးသွားသောမိခင်က ပြောပါသည်။

၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဖယ်ခုံအခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းမှူး ရဲထက် ဦး ဆောင်သည့် ခမရ ၄၂၁ စစ်ကြောင်းမှ လဲဒူခေါကျေးရွာနေ ရွာသား ၆ ဦးကို ခေါ်ဆောင်သွားပြီး ပွန် ချောင်းတနေရာတွင် သတ်ဖြတ်လိုက်ကြသည်။ ထိုရွာသား ခြောက်ဦးထဲတွင် မိမိ၏ ခင်ပွန်းသည်ပါဝင်ကြောင်း ကျန်ရစ်သူဇနီးက ပြောသည်။

ခွင်ပွန်းသည်နှင့် ရင်သွေးငယ်ဆုံးရှုံးသွားခဲ့သော အဆိုပါအမျိုးသမီးသည် လဲဒူခေါကျေးရွာသူဖြစ်ပြီး ယခုလအစောပိုင်းက ရွာသူရွာသား ၁၀၀ ခန့်ဖြင့် ထိုင်းနိုင်ငံနယ်စပ်ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာခဲ့သည်။
...

2 comments:

victorOway said...

အကယ်၍ နောက်ဆုံး NLDမှာ မှတ်ပုံတင်ရေး/မတင်ရေးကိစ္စနဲ့ပါတ်သက်လို့ NLDပါတီကြီးကွဲမည့်အနေအထားသို့ ဦးတည်လာလျှင် NLD ပါတီကိုတော့နိုင်ငံရေးအရ အကွဲခံလို့ မရပါဘူး။
(၁)ပါတီမှတ်ပုံတင်သင့်သည်ဟု အဆိုပြုသော ပုဂ္ဂိုလ်များကို NLD ပါတီအဖြစ်မှ နှုတ်ထွက်စေပြီး သီးခြားပါတီထောင်ခွင့်ပြုစေပြီး မှတ်ပုံတင်လျှင်တင်ပါစေ။
(၂)NLD ပါတီကြီးအနေဖြင့်၁၉၉၀ခုနှစ်ရလဒ်၊ ရွှေဂုံတိုင်ကြေခြာချက်နှင့် မတရားသည့်ဥပဒေကို ဥပဒေအရ တိုက်ပွဲဝင်သွားဘို့ ဆက်လက်ရှိသင့်သည်။
(၃)ထိုမတရားသည့်ဥပဒေကို တရားနည်းလမ်းကျသည့် ဥပဒေဖြစ်လာပါမှ NLD မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
ရဲဘော်ဂျာကြီး

Dr. Myo Chit said...

ဘာမှလည်း မဆိုင်ဘူး။ ပေါတယ်။