Saturday 6 March 2010

မဲဆောက်ဒေသအတွင်း မြန်မာတောင်းစားသူ (၁၀၀)ကျော် ဖမ်းဆီးပြန်ပို့

မတ်လ ၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)

မဲဆောက်ဒေသအတွင်း မြန်မာ တောင်း စားသူ (၁၀၀) ကျော်ကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် မဲဆောက် မြို့နယ်အုပ်ချုပ် ရေးအဖွဲ့က ဖမ်းဆီး၍ မြန်မာနိုင်ငံ မြ၀ တီဘက်ခြမ်းသို့ ပြန်ပို့လိုက်သည်ဟု သိ ရသည်။

နိုင်ငံခြားသားနှင့် ပြည်တွင်းခရီးသွားများ ကို အနှောက်အယှက် ဖြစ်စေသည့်အ တွက် အဆိုပါ ခရီးသွားများကိုယ်တိုင် တာ့ခရိုင်ဝန်ရုံးနှင့် မဲဆောက်မြို့ပိုင်ရုံးသို့ တိုင်ကြားလာသောကြောင့် မြန်မာ တောင်းစားသူများကို ဖမ်းဆီးပြန်ပို့ရခြင်းဖြစ်သည်ဟု မဲဆောက် မြို့ပိုင် နိုင်ကစ်တိဆတ်က်တိုမိုဆတ်က်က မဲဆောက်အခြေစိုက် သတင်းထောက်များကို ယနေ့ ပြောကြားလိုက်သည်။

မဲဆောက်မြို့ရှိ ဈေှးဆိုင်တခုမှ အရောင်းသမတဦးက “ဖမ်းမှာပေါ့ တချို့တောင်းစားသူတွေက တောင်း စားတာ ရိုးရိုးတောင်းစားတာမှ မဟုတ်တာ၊ အင်္ကျီကိုဆွဲတောင်းတဲ့အထိ တောင်းစားနေတော့ ဘယ်သူ က ခံနိုင်မှာလဲ” ဟု ပြောသည်။

အဆိုပါ အဖမ်းဆီးခံရသည့် မြန်မာတောင်းစားသူများထဲတွင် သက်ကြီးရွယ်နှင့် ကလေးငယ်များအပြင် အရေပြားရောဂါ ဆိုးဆိုးရွားရွားခံစားနေသည့် ဝေဒနာရှင်များနှင့် ဒုက္ခိတများပါရှိသည်ဟု သိရသည်။

မဲဆောက်ဒေသ၌ မြန်မာတောင်းစားသူများအပြင် ဈေးသည်များနှင့် အလုပ်သမားအချို့ကိုလည်း ယနေ့ တွင် ဖမ်းဆီးခဲ့သည်ဟု မဲဆောက်အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် (JAC BA) အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

သူက “တောင်းစားသူတွေလည်းဖမ်းတယ်။ ဗန်းချရောင်းတဲ့ ဈေးသည်တွေလည်းဖမ်းတယ်။ လက်တွန်း လည်းနဲ့ ရောင်းတဲ့ဈေးသည်တွေလည်းပါတယ်။ နောက် လမ်းပေါ်မှာသွားတဲ့ အလုပ်သမားတွေလည်း ပါတယ်။ မဲဆောက် အပါအ၀င် အားလုံးပေါင်း (၃၀၀) လောက်ရှိတယ်” ဟု ပြောသည်။

မဲဆောက်မြို့တွင် အလားတူ ဖမ်းဆီးပြန်ပို့မှု ယခင်က ရှိခဲ့သော်လည်း ယခုလို ရာနှင့်ချီ၍ ဖမ်းဆီးပြန် ပို့ခြင်းသည် ၂၀၁၀ ခုနှစ်အတွင်း ပထမဦးဆုံး လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

မတ်လ ၃ ရက်နေ့မှ စတင်၍ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အမည်စာရင်း တင်သွင်းခြင်း မရှိသူ နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမား ၅ သိန်းကျော်ကို ဖမ်းဆီးပြီး နေရင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ် ကြောင်း မတ်လ ၂ နေ့က ထိုင်းအစိုးရ အလုပ်ခန့်ထားရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Supat Gukhun က တရားဝင်ကြေညာခဲ့သည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားဦးရေ ၃ သန်းကျော်ရှိကာ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ် ရန် အမည်စာရင်းတင်သွင်းသူ ၇ သိန်းခန့်သာရှိပြီး ထိုင်းအစိုးရက ယာယီနိုင်ငံကူးလက် မှတ်လျှောက် ရန် မတ်လ ၂ ရက်နေ့အထိ နောက်ဆုံးထားသတ်မှတ်ပေးခဲ့သည်။
...

0 comments: