၃ ဖေဖော်ဝါရီလ ၂၀၁၀၊ အေးနိုင် DVB
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ဘုရားပွဲလာတဲ့ ရွာသားတချို့ကို စစ်တပ်ကဖမ်းပြီး စစ်သားအဖြစ် စု ဆောင်းသွားတယ်လို့ သိရပါတယ်။
ဆင်ပေါင်ဝဲမြို့နယ် အမှတ် ၃ ရပ်ကွက်မှာ ကျင်းပတဲ့ ဘုရားငါးဆူဘုရားပွဲမှာ ဆင်ပေါင်ဝဲမြို့ရဲ့ မြောက် ဘက်မှာရှိတဲ့ မိကျောင်းရဲမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၈၃ က ရွာသားတွေကို ဝင်ဖမ်းပြီး စစ် သားအဖြစ် စုဆောင်းသွားတာ ဖြစ်ပါတယ်။
အဲဒီဘုရားပွဲကို ၁၂ လပိုင်း ၉ ရက်နေ့ကနေ ၄ ရက်ကြာ ကျင်ပစဉ်မှာ ဘုရားပွဲလာသူတွေထဲက အမျိုး သား ၇ ယောက်ကို ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီ အခြေအနေကို နယ်မြေခံရွာသားတဦးက ခုလိုပြောပါတယ်။
“ပွဲတော်ရက်အတွင်းမှာ ကျေးရွာကလူတွေ ဘုရားပွဲလာကြတယ်။ အဲဒီမှာ လူပေါင်း ၇ ယောက်ကို အဓ မ္မ ကြိုးနဲ့တုပ်ပြီး လှည်းနဲ့ တင်သွားတယ်၊ တချို့ကျတော့ စက်လှေနဲ့ တင်ပြီးတော့ မိချောင်းရဲ ကနေပြီး တပ်ရင်း ၈၃ အဲဒီတပ်ကိုခေါ်သွားတယ်၊ စစ်သားစုတာပေါ့လေ။”
ဖမ်းခံရသူတွေကတော့ ဥာဏ်တော်အင်းအုပ်စု သမန်းကြီးကျေးရွာက အဖ ဦးကုလားနဲ့ ဒေါ်တင်မြင့်ရီရဲ့ သား အသက် ၂၀ အရွယ် မောင်သန်းမင်းောအင်၊ ကျွန်းအုပ်စု လွန်းချည်ကျေးရွာက ဦးစိန်နဲ့ ဒေါ်လှဝင်း ရဲ့ သား မတင်မာဝင်းရဲ့ ခင်ပွန်း ကလေး ၆ ယောက်အဖေ အသက် ၄၀ အရွယ် အကြီးလေးခေါ် ကို အောင်စိုး၊ မကွေးမြို့ မိချောင်းရဲတိုက်နယ် မင်းရွာအုပ်စု ဆိုင်းကျေးရွာက အသက် ၂၅ နှစ် မောင်ပွကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်အပိုင် အနောက်ဒေါင့်သန်းတောင် နယ်မြေမှ ဦးလေးတို့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က သမန်းကြီးကျေးရွာသား မောင်သန်းမင်အောင်ကို ပြန်လည်လွှတ်ပေး ဖို့ သွားတောင်သူတွေကကိုလည်း အဲဒီ တပ်ရင်းမှူးက ပြန်မထည့်ပေးလိုက်ဘူးလို့ ဒေသခံတဦးက ဆက်ပြောပါတယ်။
“၂၂.၁၂.၀၉ ရက်နေ့က ဥာဏ်တော်အင်းအုပ်စု ကုက္ကိုကုန်းကျေးရွာက လူကြီး ကိုသန်းစိုး၊ ကိုဝင်းဌေး၊ ကိုလှဝေ၊ လူ ကြီးသုံးယောက်က လိုက်သွားတယ် သမန်းကြီးကျေးရွာက မောင်သန်းမင်း ပြန်ရလို ကြောင်း တောင်းဆို တယ်၊ ခလရ ၈၃ တပ်ရင်းမှူးကနေပြီးတော့ သူမဆိုင်လို့ ပြန်ထည့်မပေးလိုကြောင်း ပြောလွှတ်လိုက် တယ်၊ ပြန်လာခဲ့ရတယ်”
အဲဒီ ခလရ ၈၃ ဟာ လွန်ခဲ့တဲ့ ဇန်န၀ါရီလတုန်းက တောင်တွင်းကြီးမြို့က ၁၄ နှစ်အရွယ် ကလေး ၂ဦး ကို အရက်မူးအောင်တိုက်ပြီး စစ်တပ်ထဲ အတင်သွားခဲ့ပါတယ်။
ကလေးတဦးရဲ့မိဘက ငွေလေးသောင်းပေးလို့ ပြန်လွတ်ခဲ့သလို ကျန်တဦးရဲ့ မိဘက ပြည်ပမီဒီယာက နေ ဖွင့်ချလို့ လွန်ခဲ့တဲ့လေးရက်ကျမှ အိမ်ကို ကလေးငယ်လာရောက်ပို့ဆောင်ခဲ့ပါတယ်။
...
အလွမ်း
4 years ago
0 comments:
Post a Comment