Tuesday 2 February 2010

တောင်ပေါ်သား ကလေး ၁၆ ယောက်ကို လူပွဲစားလက်မှ ဘင်္ဂလာရဲက ကယ်တင်

http://www.narinjara.com 2/2/2010
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင် (ရွာတော်) မြို့တွင် တောင်ပေါ် တိုင်းရင်းသား ကလေး ၁၆ ဦးကို လူပွဲ စားလက်မှ ဘင်္ဂလာ ရဲတပ်ဖွဲ့က ကယ်တင်လိုက်သည်။

ဘင်ဒရာဘင်မြို့ ဈေးအနီးရှိ ဟာဘီ တည်ခိုးခန်းကို မသင်္ကာ၍ ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ် ဆေးရာမှ အဆို ပါ ကလေးငယ်များကို ရဲက ကယ်တင်နိုင်ခဲ့သည်။

သူတို့အား ပညာသင်ပေးမည်ဟု ဆိုကာ ဘင်ဒရိုဘင် ခရိုင် လမားမြို့နယ်မှ လိမ်လည် ခေါ်ဆောင်လာ ခဲ့သည်ဟု ရဲတာဝန်ရှိသူက ပြောသည်။

လိမ်လည် ခေါ်ယူလာသူမှာ မိုဟန် (တြိပူရ) မှ အဆိုပါ ကလေးများကို ဘင်ဒရိုဘင်မြို့ရှိ Bangladesh Tribal Association of Baptist Charge (BTABC) အသစ် ဖွင့်လှစ်သောကျောင်းတွင် စာသင်ပေးမည် ဟုဆိုကာ မိဘများထံမှာ ခေါ်ယူလာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားသည်ဟု သိရသည်။

အဆိုပါ ကလေးများမှာ လမားမြို့နယ် ဒေါ်လာဆရီဒေသမှ တြိပူရ ခေါ် မြုံတောင်ပေါ် တိုင်းရင်း သား များဖြစ်ကြပြီး သူတို့၏ အသက်မှာ ၆ နှစ်မှ ၁၂ နှစ်အကြား ရှိကြသည်။

ယခုကယ်တင်ခဲ့ရသည့် ကလေးများထဲတွင် ယောင်္ကျား ၉ ဦးနှင့် မိန်းကလေး ၇ ဦး ပါဝင်သည်။

ယခုအခါ လိမ်ခေါ်ယူလာသူ မိုဟန် (တြိပူရ) ကို ကလေး ကုန်ကူးမှုဖြင့် ဘင်ဒရာဘင် ရဲမှ တရားစွဲဆို ထား သည်ဟု သိရသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) မြို့တွင် တောင်ပေါ်သား ကလေး ၃၃ ဦးကိုလည်း လူမှောင်ခိုကူးသူများ ထံမှ ဖမ်းဆီးရမိခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းနယ်ရှိ ဘင်ဒရိုဘင် ခရိုင်အ တွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ တောင်ပေါ် တိုင်းရင်းသား အများစုမှာ သားသမီးများကို ပညာသင်ကြားရန် ငွေကြေး အလုံအလောက် မရှိသဖြင့် ယခုကဲ့သို့ မသမာသော လူကုန် ကူးသူများ၏ လိမ်လည်ခြင်းကို အမြဲခံနေကြရသည်ဟု စုံ စမ်း သိရှိရသည်။
...

0 comments: