Tuesday, 23 February 2010

မြန်မာ ၄ ဦး ထိုင်းနယ်စပ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

ဧရာဝတီ Monday, 22 February 2010 18:21 ဝါးရှီးဖော
သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသော မြန်မာ ၄ ဦးကို ထိုင်း - မြန်မာ နယ်စပ် ရနောင်းမြို့ ကမ်းခြေ တ နေရာတွင် စနေနေ့က တွေ့ရှိခဲ့သည်။

သေဆုံးသူ အားလုံးသည် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ် သ မားများ ဖြစ်ကြပြီး အသက် ၃ဝ နှင့် ၄ဝ ဝန်းကျင် အမျိုးသားများ ဖြစ်ကြသည်ဟု သိရသည်။

“လေးယောက်စလုံး လက်ကို နောက်ပြန် ကြိုးချည် ခံထားရတယ်။ သေနတ် ဒဏ်ရာတွေနဲ့ သေတယ်။ မသေခင်မှာလည်း အရိုက် ခံထားရတယ်။ ဒဏ်ရာတွေ ရှိတယ်” ဟု ရနောင်းမြို့ရှိ မိတ္တသဟာရ နာရေး ကူညီမှု အသင်းမှ ကိုသားကျော်က ဧရာဝတီသို့ ပြောသည်။

အလောင်းများကို ရနောင်းမြို့ပေါ်ရှိ ဆေးရုံ တရုံတွင် ထားရှိပြီး သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ် နေဆဲဟု သိရသည်။

“အခုလို ကိစ္စတွေက ဖြစ်ရိုးဖြစ်စဉ် တခုလို ဖြစ်နေတယ်။ ဒီကိစ္စတွေကို ကာကွယ်ဖို့ ဆိုတာက ထိထိ ရောက်ရောက် အရေးယူမှုရှိမှ ဖြစ်မှာ။ ရွှေ့ပြောင်း အလုပ်သမား တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာ ဏာပိုင်တွေက ဝတ်ကျေတမ်းကျေ လုပ်ပေးတာ လောက်ပဲ ရှိတယ်” ဟု ရောင်ခြည်ဦး အလုပ်သမားစာ စောင်တွင် ဆောင်ပါးများ ရေးသားလေ့ ရှိသော ရနောင်းမြို့နေ မောင်သံက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်း တွင်လည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာပြည် သား ၉ ဦးကို ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။

“ထိုင်းလူငယ် လမ်းသရဲအဖွဲ့တွေက မြန်မာအလုပ်သမားတွေကို တွေ့ရင် ပိုက်ဆံ တောင်းတယ်၊ တောင်းလို့ မရရင် ဝိုင်းရိုက်ကြတယ်။ ဒီမှာ အဲဒီလိုတွေ ခဏ ခဏ ဖြစ်နေတယ်” ဟု ကိုသားကျော်က ပြောသည်။

ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်း အလုပ်လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်း မှ ၄ သန်း အထိ ရှိသည်ဟု သိရသည်။
...

0 comments: