Wednesday, 16 December 2009

ကမ္ဘာတဝှမ်း ပျံ့နှံ့လာသော ရွှေ့ပြောင်းလုပ်သားနှင့် လူကုန်ကူးသန်းရောင်းဝယ်မှု (၃)

ဒေါ်လာငွေကြေးရဲ့စွမ်းဆောင်နိုင်ရည်
ဆင်းရဲမွဲတေမှုနှင့် လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှု အစရှိသည့် လူမှုစီးပွားဆိုင်ရာ ပြဿနာရပ်တွေ ဟာဖြင့် ဒေသတွင်းဆိုင်ရာ စီးပွားရေးတွေကို ပုံဖော်ဖန်တီး ယူတည်ဆောက်ရာဝယ် လွှဲပြောင်းငွေကြေး တွေဟာ အကောင်းဆုံးသော အခွင့်အလမ်းတွေရယူဖို့ရာ တစုံတရာသော ထောက်ပံ့ကူညီမှုတွေ ပေး နိုင်စွမ်းရှိတယ်လို့ ဆိုရမယ်။ စီးပွားရေးဆိုင်ရာ မတည်ငြိမ်ပြိုလဲပျက်စီးမှုတွေကြောင့် လူမှောင်ခိုကုန်ကူး သန်းရောင်းဝယ်မှုတွေ ဖြစ်လာနိုင်သော်ငြား ငွေလွှဲပြောင်းပေးပို့မှုကိုအရင်းတည်ပြု၍ စီးပွားရေးလုပ် ငန်း ဆောင်တာတွေကို တည်ဆောက်ယူခြင်းနှင့် ဒေသတွင်းစီးပွားရေးကို နိုးထလာအောင် လုပ် ဆောင်နိုင် စွမ်းရှိခဲ့သော် လူကုန်ကူးသန်းရောင်းဝယ်မှု ပြဿနာရပ်ဟာ လျော့ပါးကျဆင်းသွား (သို့) တိုးပွားလာ သည့် လူနေမှုအဆင့်အတန်းအတွက် ဖြည့်တင်းပေးနိုင်မည့် အလုပ်အင်အားစုပြဿနာရပ်ပါ လျော့ပါး ကျဆင်းသွား မှာဖြစ်တယ်။ သို့ဆိုသည့်တိုင် ဒီဖွံ့ဖြိုးတိုးတက်မှုဟာ လူ့အဖွဲ့အစည်းနှင့် သက် ဆိုင်သော ကဏ္ဍဆိုင်ရာအလိုက်လို့ ဆိုနိုင်လောက်သည့် လူကုန်ကူးသန်းမှု အထူးသဖြင့် ဆင်းရဲမွဲ တေမှုတွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ ဆိုရမယ်။ အဆင့်မြင့်ပညာ ကျွမ်းကျင်တတ်မြောက်မှုမှနေ၍ ပြည့်စုံလုံလောက်သော ဝင်ငွေရရှိလာနိုင်မှုဟာ ရေရာသေချာမှုရှိပေမယ့်လို့ အနိမ့်ဆုံးအဆင့် ခန့်မှန်း တွက်ချက်မှုအရ နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ နှစ်စဉ်ဒေါ်လာ ၂ဝ ဘီလီယံလည်ပတ်မှု နှုန်း ထားကနေ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားတရပ်ဖြစ်လာသလို ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခြင်းနှင့် အောက်ဆုံးအဆင့် နောက်ဆုံးအနေအထားအရတော့ တိုင်း ပြည်တွင်းမှထွက်ခွာပြီး အလုပ်အကိုင်ရှာဖွေ ဖန်တီးရယူဖို့လိုအပ်လာသည် ဆိုသော်ငြားလည်း ဒီငွေ ကြေးရံပုံငွေတွေကို ထိန်းသိမ်းကွပ်ကဲဖို့နှင့် သင့်လျော်သည့်ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကိုင်ဖန်တီးပြီး ထိ ရောက်စွာ လုပ်ကိုင်နိုင်ဖို့လိုအပ်တယ်။

လက်ရှိအနေအထားအရ ဖိလစ်ပိုင်အစိုးရအနေဖြင့် လွှဲပြောင်းငွေတွေကိုကောင်းမွန်စွာ ထိန်းချူပ်ထား နိုင်စွမ်းမရှိဘူးလို့ဆိုရမှာပဲ။ အကျင့်ပျက်ခြစားမှုဟာ နေရာအနှံ့ဆိုသလို တစိမ့်စိမ့်ထိုးဖောက်နေရာယူ ဝင်ရောက်လာပြီဆိုသည့်တိုင် ကောင်းမွန်သည့်အရာဆို၍ အနည်းအကျဉ်းရှိ နေသေးတယ်လို့တော့ ဆို နိုင်ကောင်းပါရဲ့။ ဒါပေလို့လည်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ လွှဲပြောင်းပေးပို့ငွေကို အဖွဲ့အစည်းတရပ် (သို့) စုပေါင်းလုပ်ဆောင်မှုတွေကနေ အစီအစဉ်ကျနစွာဖြင့် စီမံခန့်ခွဲရာဝယ် မိသားစုနှင့်အပေါင်းအ ဖော် သူငယ်ချင်းတွေထံ ပို့ဆောင်မှုကိုဆိုလိုခြင်းမဟုတ်ပေမယ့်လို့ သူတို့ရဲ့ အသိုင်းအဝိုင်းဝန်းကျင်နှင့် အဆုံးစွန်ပြောဆိုရသော် ဌာနေမိခင်တိုင်းပြည်သို့ပို့ ဆောင်မှုကိုဆိုလိုခြင်းဖြစ်တယ်။ အစိုးရရဲ့ ကနဦး လုပ် ဆောင်ချက်တွေမှာ ပျက်ကွက်မေ့လျော့ခဲ့သည့် အသေးစားချေးငွေလုပ်ငန်း၊ လူမှုရေးပိုင်းဆိုင်ရာ စွန့်ဦးတီထွင်မှုလို့ဆိုရမယ့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတွေကို အခြေပြုလုပ်ဆောင်သည့် Unlad Kabayan လို အဖွဲ့အစည်းတွေရဲ့ ရွှေ့ပြောင်းပေးပို့ငွေတွေကို အစီအစဉ်ကျနစွာဖြင့် ပူးပေါင်းလုပ် ဆောင်ခြင်းမှနေ၍ ဒေသတွင်းစီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေ ဖြစ်ထွန်းလာမှာဖြစ်တယ်။ ဒေသ တွင်းဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် လွှဲပြောင်းငွေ ခွဲဝေဖြန့်ဖြူးသော်ငြား အစိုးရယန္တရားဘောင်အတွင်း လည်ပတ်စီးဆင်းမှသာ ကြီးမားသည့် ရံပုံငွေတရပ်အသွင် ပြောင်းလာမှာဖြစ်ခြင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုရရှိနိုင်ခြင်း၊ ပင့်ကူအိမ်သဖွယ် ဆက်စပ်နေသော လုပ်ငန်းကွန်ရက်နှင့် အစရှိသည်တို့အပြင် အ စိုးရတရပ်ရဲ့ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုအန္တရာယ်မှပါ ကင်းဝေးလွတ်ကင်းနိုင်ဖို့ရာ အ တွက် ရင်းမြစ်တွေကို အစီအစဉ်ကျနစွာခွဲဝေဖြန့်ဖြူးနိုင်မှသာ ဒေသတွင်းဆိုင်ရာစီးပွားရေး ပြန်လည်နာ လံထလာနိုင်မှာဖြစ်တယ်။

တိုင်းတပါးရပ်ခြား ရွှေ့ပြောင်းလုပ်သားတွေကို ဖိလစ်ပိုင်နိုင်ငံရဲ့စံပြပုဂ္ဂိုလ်တွေအဖြစ် အလေးဂရုအမြတ် ထားကြခြင်းအကြောင်းက စီးပွားရေးအကျပ်အတည်းကို တွန်းလှန်ဖယ်ရှားပစ်နိုင်သည့် စွမ်းရည်နှင့် နိုင် ငံရပ်ခြားဝင်ငွေကြောင့်သာလျင်ဖြစ်တယ်။ အိမ်ငွေပြန်ပို့ပေး ရေးသည်သာလျင် ပထဦးဆုံးသော လှမ်း လိုက်သည့် ခြေလှမ်းတရပ်လို့ဆိုရမှာဖြစ်သည့်တိုင် လွှဲပြောင်းပေးပို့ငွေတွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွား ရေးကို ပုံဖော်ဖန်တီးယူနိုင်ခြင်းဖြင့် ပြည်ပသို့ လုပ်သားဈေးကွက်တင်ပို့သည့်နိုင်ငံမှ သွင်းကုန်အဖြစ် လက်ခံသည့် နိုင်ငံအဖြစ်သို့ အသွင်လှည့်ပြောင်းသွားနိုင်မယ်ဆိုရင်ဖြင့် တိုင်းပြည်စီးပွားရေး ပြန်လည် ဦးမော့နာလံထူလာနိုင်မှာဖြစ်တယ်။ လွှဲပြောင်းပေးပို့ငွေတွေကို ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေမှာ ပြန်လည်အသက်သွင်း ပုံဖော်ဖန်တီးယူနိုင်မယ်ဆိုရင်ဖြင့် အလုပ်အကိုင် အခွင့်အလမ်း သစ်တွေဖန်တီး ယူနိုင်ခြင်း၊ ဒေသတွင်းလုပ်အားခ တိုးမြှင့်ပေးနိုင်ခြင်းနှင့် သွင်းကုန်ကုန်စည်တွေကို ဝယ်ယူသုံးစွဲရမည့် အစား ဖိလစ်ပိုင်နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုပြုလုပ်ခြင်းဖြင့် တိုင်းပြည်တွင်းမှ ထွက်ခွာမည့်သူတွေကို သင်တန်းပေးလေ့ကျင့်ခြင်းကို အာရုံစူးစိုက်ပြု လုပ်လာနိုင်မှာဖြစ်သည့်အပြင် လွတ်လပ်သည့် စီးပွားရေး တရပ်အဖြစ် ဦးဆုံးခြေလှမ်းတရပ်အဖြစ် လျှောက်လှမ်းနိုင်မှာဖြစ်တယ်။ တိုင်းပြည်တွင်းလူနေမှု အဆင့် အတန်း တစုံတရာတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်သလို လူကုန်ကူးသန်းရောင်းဝယ်မှုလည်း လျော့နည်းပ ပျောက်သွားဖို့ရာ အလားအလာအတော်အတန်ရှိတယ်လို့ ဆိုနိုင်ကောင်းပါရဲ့။

ရေရာမှုမရှိတဲ့ အနာဂတ်ဘဝတွေ

တိုင်းပြည်စီးပွားရေးဟာ ရွှေ့ပြောင်းလုပ်သားတွေအပေါ် မူတည်နေခြင်းဟာ ဖိလစ်ပိုင်အစိုးရရဲ့ မှား ယွင်းသည့် အကောင်အထည်ဖော် လုပ်ဆောင်မှုကြောင့်လား။ ဒီအဆုံးအဖြတ်ကနေ ဘယ်လိုအကျိုး အ မြတ်တွေထွက်ပေါ်လာအောင် လွှဲပြောင်းပေးငွေတွေကို ဘယ်ပုံနည်းလမ်းတွေနဲ့ စီမံခန့်ခွဲမှာလဲ။ ဒေသ တွင်းစီးပွားရေး ယိုယွင်းပျက်စီးနေချိန်မှာ အလုပ်အကိုင်အခွင့်အလမ်း အနည်းအကျဉ်းနှင့် မဆိုစ လောက်သော လုပ်အားခသာ ဖန်တီးပေးနိုင်စွမ်းရှိတယ်။ မြုပ်ချည်ပေါ်ချည်ဖြစ်နေတဲ့ နိုင်ငံရပ်ခြားဈေး ကွက်ကို အလိုက်သင့်ထိန်း သိမ်းနိုင်ဖို့ရာအတွက် အစိုးရအနေဖြင့် ဒေသတွင်းစီးပွားရေးကို လျစ်လျူရှု ပစ်ပယ်မထားနိုင်သလို ရွှေ့ပြောင်းလုပ်သားအားလုံးကိုလည်း လက်လွတ်စံပယ်လမ်းဖွင့်ပေးဖို့ရာ အ ခက်အခဲနဲ့ ကြုံတွေ့နေရတယ်။ လွှဲပြောင်းပေးပို့ငွေတွေမှတဆင့် အကျိုးအမြတ်အခွင့်အလမ်းတွေထွက် ပေါ်လာတယ်ဆိုတာမှန်သော်ငြား အစိုးရအနေဖြင့် နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားတွေကို လက်ရှိအ ချိန်ကာလအထိ စဉ်ဆက်မပြတ်ဆိုသလို အထောက်အပံ့ပြုပေးထားခြင်းနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကို လျစ်လျူရှုပစ်ပယ်၍ ဆင်းရဲ၊ ချမ်းသာကွာဟပြီး အင်အားချိန်ခွင်လျှာ တဖက်စောင်းနင်းဖြစ်နေ သည့်အတွက် ပိုမိုဆိုးရွားသည့် အကျိုးရလဒ်တွေသာ ထွက်ပေါ်လာနိုင်ဖို့ရာတွန်းအား ပေးနေသလိုဖြစ် နေတယ်။ အဆင့်မြင့်ပညာတတ်မြောက်ကျွမ်းကျင်ခြင်းကြောင့် ဆိုင်ရာကဏ္ဍအားလုံးနဲ့ အံဝင်ခွင်ကျမှု ကိုဖြစ်ပေါ်စေ နိုင်တာကတော့ ငြင်းချက်ထုတ်မရသည့် အကြောင်းချင်းတရပ်လို့ ဆိုရမှာပဲ။ လွှဲပြောင်း ပေးပို့ငွေတွေဟာ လူ့အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍအားလုံးသို့ ပျံ့နှံ့ရောက်ရှိ သွားတယ်ဆိုသည့် အကျိုးရလဒ်ထွက်ပေါ်လာတယ်ဆိုတာကတော့ ငြင်းမရ အောင်မှန်ပါတယ်။

မျက်မှောက်ကာလ ဖိလစ်ပိုင်အစိုးရဟာ လွတ်လပ်သည့် ကုန်သွယ်မှုဇုံတရပ်အတွက် သဘောတူညီ လက်မှတ်ရေးထိုးထားပြီးဖြစ်သည့်အတွက် တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ဥပဒေသနဲ့ပတ် သက်လို့ အတော်အတန် စိတ်သက်သာရာရသွားတယ်လို့ ဆိုနိုင်ကောင်းပါရဲ့။ နိုင်ငံရပ်ခြားမှ ပြန် ရောက်လာသူတွေထံမှ သူနာပြုဆရာ/ ဆရာမတွေ၊ စာရင်းကိုင်တွေ၊ ကွန်ပြူတာကျွမ်းကျင်သူ ပညာ ရှင်တွေ အစရှိသည့်ပုဂ္ဂိုလ်တွေဟာ ခြွတ်ခြုံကျယိုယွင်းပျက်စီးနေသည့် တိုင်းပြည်စီးပွားရေးကို ပြန်လည် နာလံထပြီး ဆင်းရဲတွင်းမှရုန်းထွက်နိုင်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အကျိုးရလဒ်တွေတော့ ထွက် ပေါ်လာနိုင်ချေရှိတယ်။ သူတို့တွေဟာ လူကုန်ကူးသန်းရောင်းဝယ်သူတွေရဲ့ ထောင်ချောက်အတွင်းမှ ရုန်းထွက်ခြင်းငှာတော့ စွမ်းဆောင်နိုင်မယ်မထင်ဘူး။ ဒီသဘောတူညီချက်အပေါ်လက်မှတ် ရေးထိုး လိုက်သည့်အတွက် နိုင်ငံခြားဖြစ် ကုန်စည်တွေဈေးကွက်အတွင်းသို့ အလျှံအပယ်ဝင်ရောက်စိမ့်ဝင်လာ ခြင်းကြောင့် ဒေသတွင်း စီးပွားရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေဟာ ယှဉ်ပြိုင်ဝင်ရောက်နေရာယူ ရပ်တည်နိုင်ဖို့ရာအတွက် အတော်လေးကို အခက်အခဲအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့မှာကတော့ မလွဲမသွေပဲ။

ဖိလစ်ပိုင်နိုင်ငံရဲ့ လူမှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှု ပြဿနာရပ် အလားအလာဟာ နိုင်ငံတကာ ရွှေ့ ပြောင်းလုပ်သားတွေနဲ့ ဆက်စပ်ယှက်နွယ်နေရခြင်း အကြောင်းရင်းက လွှဲပြောင်းငွေပေးသွင်းခြင်း နောက်ဆက်တွဲအကျိုးးရလဒ်ဟာ ဒေသတွင်းဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးပြန်လည် ထူထောင်လာနိုင်ဖို့ရာအတွက် အခရာကျအရေးပါနေသည့်အတွက်ကြောင့်ပဲဖြစ်တယ်။ မူဝါဒပိုင်း ဆိုင် ရာ ဆုံးဖြတ်ချက် ချမှတ်သူတွေအနေဖြင့် နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ရေရှည်သက်ရောက် လာနိုင်မယ့် အကျိုးအပြစ်နှင့် ဒေသတွင်းစီးပွားရေးဆိုင်ရာ ဆိုးကျိုးတွေဖြစ်တဲ့ ဆင်းရဲမွဲတေမှုနဲ့ လူ မှောင်ခိုကုန်ကူးသန်းရောင်းဝယ်မှု ပြဿနာရပ်တွေကိုပါထည့်သွင်း စဉ်းစားဆုံးဖြတ်ချက်ချ လုပ်ဆောင် ရမှာဖြစ်တယ်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ကာကွယ်ဖို့ရာနှင့် လွှဲပြောင်းပေးပို့ ငွေတွေဖြင့် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးကြီးထွားလာအောင် အစိုးရအနေဖြင့် အဖွဲ့အစည်းတရပ်ထူထောင်ပြီး မူဝါဒ တွေကို အကောင်အထည်ဖော်လုပ်ဆောင်ရမှာဖြစ်တယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်အကျ အနိမ့် အမြင့်ဟာ တိုင်းပြည်တွင်း စီးပွားရေးယိုယွင်းပျက် စီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကအခရာလို့ ဆိုရမယ့် ဆင်းရဲမွဲတေမှုလျော့ပါးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ဖန်တီးနိုင်စွမ်းဟာဖြင့် လူကုန်ကူး သန်းရောင်းဝယ်မှု ပြဿနာရပ်တွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်။ ဒီပြဿနာရပ်တွေဟာ နေ့ချင်းညချင်း ဆိုသလို အလွယ်တကူ ပြေပျောက်သွားနိုင်မှာမဟုတ်သလို ရည်ရှည်လုပ်ဆောင်ရမှာဖြစ်သော်ငြား ကောင်းမွန်ထိရောက်မှုရှိသည့် ဗဟာဗျူဟာချမှတ်ပြီး လုပ်ဆောင်မှသာလျင် ဒေသတွင်းစီးပွားရေး ပြန် လည်တိုးတက်ကောင်းမွန်လာမှာ ဖြစ်တယ်။ လက်ရှိအနေအထားအရ ဖိလစ်ပိုင်နိုင်ငံရဲ့ အပြောင်းအလဲ ဟာ တိုးတက်ကောင်းမွန်လာနိုင်ချေရှိသော်ငြား ယတိပြတ်ပပျောက်သွားမှာမဟုတ်တာကတော့ သေ ချာသလောက်ပဲ။

မန်ဇူး(ဘာသာပြန်သည်)

Reference: International Labor Migration & Human Trafficking Monday,
August 06, 2007

Sources: Labor Mobility and East Asian Integration
Siow Yue Chia Singapore Institute of International Affairs Asian Economics Policy Review (2006) 1, 349-367
The Economics Impacts of International
Migration: A Case Study on the Philippines

Tereso Tullao, Jr., Michael Angelo Cortez, Edward See

Center for Business and Economics Research and Development

De La Salle University-Manila, Philippines

0 comments: