Saturday 10 October 2009

ကလေးအခွင့်အရေး ကလေးလုပ်သား တားဆီးကာကွယ်ရေး သင်တန်း

ထိုင်းနိုင်ငံ တာခ့်ခရိုင်ပညာရေးဌာန ဧရိယာ ၂ နဲ့ အိုင်အယ်လ်အို အဖွဲ့တို့မှ ကလေးအခွင်းအရေး၊ က လေးလုပ်သား တားဆီးကားကွယ်ခြင်းနဲ့သက်ဆိုင်တဲ့ သင်တန်းတခုကို မဲဆောက်မြို့မှာ အောက်တို ဘာလ ၉ ရက်နေ့ နဲ့ ၁၀ ရက်နေ့က ကျင်းပသွားခဲ့ပါတယ်။

သင်တန်းကို မဲဆောက်မြို့ပတ်ဝန်းကျင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်းများမှ ဆရာ/ဆရာများကို ဖိတ်ကြားတက်ရောက်စေခဲ့ပြီး၊ မြန်မာရွှေ့ပြောင်းကျောင်းပေါင်း ၅၃ ကျောင်းမှ ဆရာ/ဆရာမ ၁၆၅ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ သင်တန်းမှာ သင်ကြားတဲ့ ကလေးများနဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ …
- ဘယ်လိုကလေးမျိုးကို ကလေးလို့ ခေါ်လဲ
- ကလေးအခွင့်ရေးတွေက ဘာတွေလဲ
- ကလေး လုပ်သင့်လုပ်နိုင်သော အလုပ်တွေက ဘာတွေလဲ
- လူကုန်ကူခံရတဲ့ ကလေးဆိုတာဘာလဲ (လူကုန်ကူးမှု သံသရာ)
- ကလေးတယောက်အတွက် အဆိုးရွားဆုံးအလုပ်တွေက ဘာတွေလဲ
- ကလေးအလုပ်သမားဖြစ်စေသော အကြောင်းတရားများ
- ကလေးနဲ့ သင့်တော်သော ပတ်ဝန်းကျင်
စတဲ့ အကြောင်းအရာများကို ဆွေးနွေးသင်ကြားသွားခဲ့ပါတယ်။

မဲဆောက်မြို့ဟာ လူကုန်ကူးမှုတွေ၊ ကလေး ကူးသန်းရောင်းဝယ်တာတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေ အလုပ်လုပ်ကိုင်နေကြရတာ စတဲ့အဖြစ်အပျက်တွေအများဆုံး ဖြစ်တည်ရှိနေတဲ့ ထိုင်းမြန် မာနယ်စပ်မြို့တွေထဲက မြို့တမြို့ဖြစ်ပါတယ်။

ပေးပို့သူ ... သူရဇော်

0 comments: