Saturday 17 October 2009

မြန်မာ့ရွှေ့ပြောင်းကျောင်းဆရာ (သို့မဟုတ်) အငှားမြေက ဥယျာဉ်မှူး

ကြယ်စင်တွေ မတောက်ပနိုင်တော့တဲ့
ကောင်းကင်ကြီးအောက်က
မျိုးစေ့တွေ လွင့်စင်နေတဲ့
ဥယျာဉ်ရဲ့ အပြင်ဘက်မှာ
ပန်းပျိုးသော လက်ပိုင်ရှင်ဟာ
တနေ့နေ့ဆိုတဲ့ မျှော်လင့်ခြင်းတွေကို
ပီတိတွေနဲ့ ရောမျိုချရင်း
ဟောဒီ ကိုယ်ပိုင်မဟုတ်တဲ့ အငှားမြေမှာ
မျိုးစေ့တွေ ချစိုက်နေရတယ်။

စစ်မုန်းသွေး (SAW)
(၂၀၀၉ အောက်တိုဘာ ( ၅ ) ရက် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြု အမှတ်တရ)

0 comments: