Sunday, 26 July 2009

IDEA OF THE YOUTH


SAW အဖွဲ့မှ နောင်မျိုးဆက်သစ် လူငယ်တွေ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာနိုင်ငံရေး အတွေးအမြင်တွေ ရရှိ စေဖို့ ဆွေးနွေးဖလှယ်တဲ့ အစီစဉ်တခုကို IDEA OF THE YOUTH လို့အမည်ပေးထားပြီး အပတ်စဉ် ကျင်းပပြုလုပ် ခဲ့ပါတယ်။

တလ တကြိမ် လူငယ်တွေရဲ့ အတွေးအမြင်တွေ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ သတင်းအချက်အ လက်တွေ ဘယ်လောက်ကျယ်ပြန့်စွာ သိရှိထားလဲဆိုတာကို ခန်းမှန်းဖို့ တလအတွင်း ထူးခြားသတင်း မေးခွန်းတွေနဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကြောင်းတွေကို ဖြေကြားစေခဲ့ပါတယ်။

ဒီလမှာတော့ လေ့လာမှုအကောင်းဆုံး ကျောင်းသားကျောင်းသူ ၃ ဦးနဲ့ ကြိုးစားအားထုတ်တဲ့ ကျောင်း သားကျောာင်းသူ ၆ ဦးတို့ ဆုရရှိခဲ့ပါတယ်။

3 comments:

HRmyanmar said...

GOOD IDEA လေးစာလျက်ပါခင်ဗျာ

Anonymous said...

ကောင်း၏။ အသေးစိတ် ဖော်ပြပေးပါလား? ဘာမှလည်း မသိရဘူး။ ကျင်းပတယ်ဆိုတာလောက်ပဲ ပါတယ်။ အသေးစိတ် သိချင်ပါတယ်။

aye said...

အပတ်စဉ်တိုင်းမှာ တော့ တပတ်အတွင်း ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံေ၇း အခြေအနေ မြန်မာပြည်ဆိုင်ရာသတင်းတွေ နဲ့နှိင်ငံတကာက ဗဟုသုတတွေကို ၇တန်းကနေ ၁၀တန်းအထိ ကလေးတွေကို အင်တာနက်မှာ ကိုယ်တိုင်ရှာဖွေခိုင်းပါတယ်။ ကိုယ်တိုင်သိရှိချက်တွေကို စုပေါင်းပြိး စနေနဲ့တနင်္ဂနွေမှာ ပြန်လည် ဆွေးနွေးကြပါတယ်။ မှားယွင်းတဲ့ အချက်တွေကို ပြန်လည် ပြင်ဆင်ပေးပါတယ်။ ဒီထဲမှာ ကလေးတွေ သိသင့်တဲ့ လေးစားအတုယူဖွယ် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ အကြောင်းကိုလည်း လေ့လာခိုင်းပါတယ်။ ဒါအပြင် sawအဖွဲ့ က လုပ်ဆောင်နေတဲု့လုပ်ငန်းတွေကိုလည်း လေ့လာခိုင်းပါတယ်။ သူတိုကိုယ်ပိုင် ရရှိချက်တွေကို တလတခါမှာ မေးခွန်းများ မေးပြိး စစ်ဆေးပေးပါတယ်။ သူတို့အနေနဲ့ သူတိုရဲ့တိုင်းပြည်နဲ့ လူမျိုးတွေအကြောင်းကို သိစေချင်တာရယ် အမြင်ကျယ်တဲ့မျိုးဆက်တွေ ဖြစ်လာစေဖို့ရည်ရွယ်ပါတယ်။ ကလေးတွေကိုစိတ်ဝင်စားတဲ့အတွက် လည်း ကျေးဇူးတင်ပါတယ်။ ကလေးတွေကိုသိစေချင်တာတွေ ဝေမျှမယ်ဆိုရင် saw@csloxinfo.comကို ဆက်သွယ်နိုင်ပါတယ်