သုတေသန ပြုချက်များအရ မွေးကင်းစ ကလေးငယ် HIV စွဲကပ်လူနာများကို မွေးဖွားပြီး ပထမ ရက်သတ္တပတ် များအ တွင်း လေးကြိမ် antiretrovital ဆေးသွင်းခြင်းဖြင့် ကာကွယ် ကုသ ကယ်တင်လို့ရပြီ ဟုဆိုသည်။ တောင်အာဖရိက နိုင်ငံ တွင် အဆိုပါစမ်းသပ်မှုကို ပြုလုပ်၍ မွေးကင်းစ ကလေးငယ် များကို ဆေးထိုးစမ်းသပ် အောင်မြင်ပြီ ဖြစ်ကြောင်း အမေ ရိကန်ပြည်ထောင်စု ကူးစက်ပြန့်ပွားရောဂါ ဌာနမှ ကြေညာလိုက်သည်။
“ဒါဟာ လူနာကလေးတွေနဲ့ မိဘတွေအတွက် အင်မတန်ကောင်းတဲ့ သတင်းတစ်ရပ်ပဲဖြစ်ပါတယ်” ဟု တောင်အာဖရိကနိုင်ငံ ဂျွန်ဟန်နက်စ်ဘတ်ရှိ witwatersrand တက္ကသိုလ်မှ တွဲဖက်စာရေးဆရာ ဒေါက်တာ အာဗီဗွိုင်အိုလာရီက အေပီသတင်းဌာနသို့ ပြောကြားလိုက်သည်။ အဆိုပါကလေးငယ်များ ရောဂါလက္ခဏာ စတင်ပြသည့် အချိန်မှာပင် ဆေးသွင်းခြင်းဖြင့် ကုသနိုင်သည်ဟုဆိုသည်။
ဒေါက်တာအာဗီက သြစတြေးလျနိုင်ငံ ဆင်းနီမြို့မှာ ကျင်းပသော AIDS အသင်းဖွဲ့ ကွန်ဖရင့်တွင် ဗုဒ္ဓဟူးနေ့က ပြောကြားခြင်းဖြစ်သည်။ “ရေတိုကာလအတွက် ရည်မှန်းထားတာ မဟုတ်ကြောင်း၊ ရေ ရှည်ပြုလုပ်ရမှာဖြစ်ကြောင်း” သူမကပြောကြားသည်။ ၂၀၀၅ ဇူလိုင်မှ အစပြု၍ ခြောက်ပတ်နှင့် ၁၂ ပတ်အရွယ်ရှိ မွေးကင်းစ ကလေးငယ် ၃၇၇ ယောက်ကို အာဖရိကတိုက် ဆိုဝီတိုနှင့် ကိတ်တောင်း တို့တွင် စတင်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
စတင် စမ်းသပ်စဉ်မှာပင် ကလေးငယ်အများအပြား ရောဂါလက္ခဏာ လုံးဝမရှိကြောင်း တွေ့ရပြီး ၄၈ ပတ် အကြာတွင် ၄% သေဆုံးမှုရှိကြောင်း နှင့် ၁၆% မှာ ရောဂါလက္ခဏာ လုံးဝမပြသောကြောင့် ကုသမှု နှောင့်နှေး ရကြောင်းဆိုသည်။ နှစ်စဉ် ကမ္ဘာတ၀ှမ်း မွေးကင်းစ ကလေးငယ်ပေါင်း သန်းဝက်ခန့် HIV ရောဂါ ပါလာကြောင်းတွေ့ရသည်။ (အေပီ)
http://him.civiblog.org/blog/_archives/2009/7/16/4256258.html ...မှ
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 month ago

0 comments:
Post a Comment